DVB Logo
Home
Lead Story
စားသုံးရန်မသင့် အစားအစာ ၁၂ မျိုး ကြေညာ
DVB
·
February 20, 2015
စားသုံးရန်မသင့် အစားအစာ ၁၂ မျိုး ကြေညာ
Donate to DVB

အစားအသောက်တွေမှာ သုံးစွဲခွင့် မရှိတဲ့ ဆိုးဆေးတွေအသုံးပြုထားတာ တွေ့ရတဲ့အတွက် ကျောင်းတွေ၊ ဈေးတွေမှာ ရောင်းချနေတဲ့ အစားအစာ ၁၂ မျိုးကို  အများပြည်သူစားသုံးရန်မသင့်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာပါတယ်။

ကြေညာထားတဲ့ အစားအစာအမျိုးအစား ၁၂ မျိုးကတော့ ရောင်စုံတုတ်ထိုး ချိုချဉ် အမှတ်တံဆိပ်မပါ၊ ရွှေအမှတ်တံဆိပ် ဆိတ်ပေါင်သားခြောက်ကြော် ၊ ကြက်သားရေညှိအရသာ (you snacks)၊ F4 တံဆိပ် ရောင်စုံ ဝေဖာလုံး  ၊ အောင်တံဆိပ် ကပ်စေးနှဲပြား၊ မျိုးမျိုးကျော်တံဆိပ် သီးသီးပေါင်း၊ ချစ်ချစ်တံဆိပ် ဗီတာမင်ဝေဖာ၊ Pyae Wa တံဆိပ်ကပ်စေးနှဲချောင်း၊ ပလောင်မောင်နှမတံဆိပ် လက်ဖက်နဲ့ အကြော်စုံ၊ ရွှေပဲငါးပိတံဆိပ် ပဲငါးပိ၊ စိန်တလုံးတဆိပ် ရခိုင်မျှင်ငါးပိထောင်း၊ အိုကေတံဆိပ် မက်မန်းသီး တို့ ဖြစ်ပါတယ်။

အဆိုပါ အမှတ်တံဆိပ်ပါ အစားအစာတွေမှာ တားမြစ် ဆိုးဆေးအမျိုးအစားတွေဖြစ်တဲ့ Orange IIနဲ့ Rhodamine B၊ Sudan III၊ Auramin O တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ အစားသောက်တွေကို ဈေးတွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေကနေ၀ယ်ယူ စစ်ဆေးခဲ့တွေ့ရှိခဲ့တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စားသုံးရန်မသင့် အစားအစာတွေအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားတာ ဒီတကြိမ်အပါအ၀င် အမျိုးအစားပေါင်း ၃၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးတွေ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ အပိုဒ်ခွဲ က အရ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013