DVB Logo
Home
မြန်မာသတင်း
လာမည့်နှစ် နယ်စပ်ကျောင်းများ ပြန်ဖွင့်နိုင်ရေး ခက်ခဲမည်
DVB
·
February 20, 2015
လာမည့်နှစ် နယ်စပ်ကျောင်းများ ပြန်ဖွင့်နိုင်ရေး ခက်ခဲမည်
1 / 6
Donate to DVB

နိုင်ငံတကာအကူအညီတွေ ရပ်တန့်မှုကြောင့် နယ်စပ်ရှိကျောင်းတွေ လာမယ့်ပညာသင်နှစ်မှာ ကိုယ်ထူကိုယ်ထနဲ့ ရပ်တည်ရမယ့် အနေအထားရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိနေတဲ့ ရွှေ့ပြောင်းမြန်မာ ကျောင်းတွေဟာ နိုင်ငံတကာအကူအညီတွေ ရပ်တန့်လိုက်လို့ လာမယ့်နှစ် ဘယ်လို ဆက်လက်ရပ်တည်ရမလဲဆိုတာ ကျောင်းသားမိဘ၊ ကျောင်းဆရာဆရာမနဲ့ ပညာရေးတာဝန်ရှိသူတွေနဲ့ လာမယ့်အပတ် ဆွေးနွေးမယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားများ ပညာရေးကော်မတီ (BMWEC) ရဲ့ ဆရာမ နော်ဖောရေက ပြောပါတယ်။

“ဒီနှစ်ဆုံးအထိ ကျောင်းတွေကတော့ ကြိုးစားပြီဖွင့်တာပေါ့။ အလှူရှင်တွေအနေနဲ့ကတော့ ထူးထူးခြားခြားရွှေ့ပြောင်းဒေသကို စိတ်ဝင်စားတဲ့အဖွဲ့တွေက မရှိသေးဘူး။ လွန်ခဲ့တဲ့အ လှူရှင်တွေကတော့ ဗမာပြည်ထဲကို ၀င်ကြတာနဲ့ အခုလက်ရှိ ကျန်နေတဲ့အလှူရှင်တချို့တောင်မှ ဒီနှစ်မှာ အလှူတွေက ရွှေ့ပြောင်းဒေသမှာ ကုန်ပြီလိုတောင် ပြောလာတယ်။ သူတို့ ပြည်တွင်းမှာပဲ ပညာရေးလုပ်ငန်း ဆက်စပ်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဆိုတော့ ဒီနှစ်နှစ်ဆုံးအထိတော့ ဒီတိုင်းပဲ ကျောင်းတွေကတော့ ပြီးအောင်တော့ စာမေးပွဲဖြေနိုင်မယ်။ ဒါပေမယ့် လာမယ့်နှစ်မှာ ထူးထူးခြားခြား ကလေးတွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုကတော့ စိတ်ဝင်တစား ဆက်သွယ်လာတဲ့ အဖွဲ့မရှိသေးပါဘူး။”

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်နဲ့ ဖုတ်ဖရ ခရိုင်အတွင်းမှာ  ရွှေ့ပြောင်းမြန်မာကျောင်း ၇၀ လောက်ရှိပြီး ကျောင်းသူကျောင်းသား ၁ သောင်းကျော်ရှိပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားများပညာရေးကော်မတီ (BMWEC) ထိန်းချုပ်မှုအောက်မှာ ကျောင်း ၃၅ ကျောင်းရှိနေပါတယ်။

ဒီကျောင်းတွေအတွက် အလှူရှင်မရှိတော့လို့ BMWEC အနေနဲ့ နည်းလမ်း ၃ ခုကို ချပြပြီး ကျောင်းသားမိဘတွေရဲ့ဆန္ဒကို ကောက်ခံမယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်မှာ ဒီကျောင်းတွေ ပြန်ဖွင့်နိုင်မလား၊ မဖွင့်နိုင်ဘူးလားဆိုတာ ကျောင်းသားမိဘတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်လိမ့်မယ်လို့ ဆရာမ နော်ဖော်ရေက ပြောပါတယ်။

“လမ်း ၃ လမ်းပြင်ဆင်ပေးတာတွေရှိတယ်။ အဲဒီလမ်း ၃ လမ်းကတော့ ဒီထိုင်းပညာရေးစနစ်ကို စိတ်ဝင်စားတဲ့ မိဘတွေရှိရင် ထိုင်းကျောင်းကို ပို့ဖို့နဲ့ ပြင်ပပညာရေးကျောင်းကိုပို့ဖို့ ဆရာမတို့ ရှင်းပြထားတယ်။ အဲဒီဘက်ကို သွားမယ်ဆိုရင် ကျမတို့ကျောင်းနဲ့ တာ့ခရိုင်မှာရှိနေတဲ့ ပညာရေးဌာနကတော့ ကျောင်းသားတွေ သူ့ရဲ့နီးစပ်ရာကျောင်းတွေမှာ တက်နိုင်တဲ့ အခွင့်အလမ်းတွေကို အာမခံပြီးတာဝန်ယူပေးမယ်။ ဒုတိယတလမ်းကတော့ မြန်မာနိုင်ငံမှာ ပြန်ပြီးကျောင်းတက်မယ်။ မြန်မာနိုင်ငံပြန်မယ်ဆိုရင် BMWEC အနေနဲ့ လိုအပ်တဲ့စာရွက်စာတန်းတွေကို စီစဉ်ပြီးထောက်ခံပေးမယ်။ တတိယ တလမ်းကတော့ လက်ရှိရွှေ့ပြောင်းဒေသမှာရှိနေတဲ့ကျောင်းတွေမှာ ပြန်တက်နိုင်ဖို့ပေါ့။ တကယ်လို့ မိဘတွေက ရွှေ့ပြောင်းကျောင်းမှာပဲ နေချင်တယ်၊ ဖွင့်ချင်တယ်ဆိုရင် ဖွင့်လို့ရတယ်။ သို့သော်လည်း မိဘတွေကို ကိုယ်ထူကိုယ်ထနဲ့ ပြန်ဖွင့်ဖို့ဆိုတဲ့ အဲဒီလမ်း ၃ လမ်းကို ရှင်းပြထားတာပေါ့။”

ဒီအချက် ၃ ချက်အပေါ်မှာမူတည်ပြီး လာမယ့်အပတ်ကစ စာရင်းကောက်ယူသွားမယ်လို့လည်း ဆရာမ နော်ဖောရေက ပြောပါတယ်။

နယ်စပ်ကျောင်းတကျောင်းဖြစ်တဲ့ သွေးသစ်ကျောင်းက ကျောင်းအုပ် ဆရာဇော်လွင်ဦးကတော့ အလှူငွေမရတာကြောင့် ကျောင်းတွေပိတ်လိုက်ရင်တော့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ အနာဂတ်က စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။

ရွှေ့ပြောင်းမြန်မာကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးသန်းကတော့ သူ့အနေနဲ့ ရွှေ့ပြောင်းမြန်မာကျောင်းမှာ ၉ တန်းအရွယ် ကလေးတယောက်နဲ့ မူကြိုအရွက်ကလေး ၂ ယောက်ရှိတဲ့အတွက် ကလေးတွေပညာရေးကို ရတဲ့နည်းနဲ့ ဆက်သင်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“ကျနော်က လက်ရှိဒီမှာ လုပ်ကိုင်စားသောက်နေတာဆိုတော့ အများဆုံး ကျနော်ကြိုးပမ်းမှာကတော့ ဒီမှာပဲ ကျနော်ကလေးကို ၁၀ တန်းဖြေစေချင်တာပေါ့။ ဒီကျောင်းမရှိလည်း တခြားကျောင်းရပ်တည်ခွင့်ရှိမလား အဲလို စဉ်းစားမှာပေါ့။ နယ်စပ်မှာ မြန်မာပြည်ကျောင်းတွေ မရှိတော့ဘူးဆိုရင်တော့ ကလေးတွေကို ကျနော်ဗမာ ပြည်မှာ ထားရမှာပေါ့။”

နယ်စပ်တလျှောက်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းတွေကတော့ ဒီဖေဖော်ဂါရီလကုန်နဲ့ မတ်လဆန်းပိုင်းမှာ နောက်ဆုံးအတန်းတင်စာမေးပွဲတွေဖြေဆိုပြီး ကျောင်းပိတ်မှာဖြစ်ပါတယ်။

BMWEC ကျောင်းတွေကနေ မြန်မာပြည်တွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ သွားဖြေမယ့် ကျောင်းသူကျောင်းသား ၁၆၅ ယောက်ရှိပြီး စာမေးပွဲကို မတ်လ ၁၁ ရက်နေ့စတင်မှာဖြစ်ပါတယ်။

ဓာတ်ပုံ - BMWEC

[gallery ids="82398,82399,82400,82401,82402,82403"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013