DVB Logo
Home
မြန်မာသတင်း
အခြေခံပညာစာမေးပွဲ အနှောင့်အယှက်မဖြစ်ရန် ပင်မသပိတ်စစ်ကြောင်း ၁၀ ရက် နားမည်
DVB
·
February 19, 2015
အခြေခံပညာစာမေးပွဲ အနှောင့်အယှက်မဖြစ်ရန် ပင်မသပိတ်စစ်ကြောင်း ၁၀ ရက် နားမည်
Donate to DVB

ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်ကြည့်ဖို့နဲ့ အခြေခံပညာကျောင်းစာမေးပွဲတွေ အနှောင့်အယှက်မဖြစ်ဖို့ ပင်မသပိတ်စစ်ကြောင်းကို ၁၀ ရက်တာ ရပ်နားထားမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

လက်ပံတန်းမြို့မှာ ၁ ရက်တာ ရပ်နားထားတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်မှောက် စစ်ကြောင်းဟာ ၄ တန်း၊ ၈ တန်း အစိုးရစစ် စာမေးပွဲတွေနဲ့ ကျောင်းစစ် စာမေးပွဲတွေ အနှောင့်အယှက် ဖြစ်မှာစိုးလို့ အခုလို ရပ်နားတာလို့  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသီဟဝင်းတင်က ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်မယ့် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို စောင့်ဆိုင်းတဲ့ အနေနဲ့ ရန်ကုန်မြို့ကို ချီတက်မယ့် သပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၈ ရက်ထိ ဆက်လက်မထွက်ခွာဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေဘက်က တောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို ဒီအချိန်ကာလအတွင်းမှာ လွှတ်တော်က ဆုံးဖြတ်ချက် မချပေးဘူးဆိုရင် ရန်ကုန်အရောက် မဖြစ်ဖြစ်တဲ့နည်းနဲ့ သပိတ်ကို ဆက်လက် ချီတက်မှာဖြစ်ကြောင်း၊ သပိတ်စစ်ကြောင်းကို ၁၀ ရက်တာ ရပ်နားထားပေမယ့် သာယာဝတီခရိုင်အတွင်းရှိ ပြည်သူနဲ့ ကျောင်းသားတွေကို ဟောပြောစည်းရုံးတာတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

မုံရွာ၊ ပခုက္ကူ၊ မော်လမြိုင်၊ ထားဝယ်မြို့တွေက ပူးပေါင်းကျောင်းသားသပိတ်စစ်ကြောင်းနဲ့ ဧရာဝတီသပိတ်စစ်ကြောင်းတွေကလည်း ရန်ကုန်မြို့ကို ဆက်လက် မထွက်ခွာတော့ပဲ သပိတ်ကိုရက်ပေါင်း ၃၀ ရပ်နားထားဖို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013