DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပေါ်ထွန်းရေး ကြိုးပမ်းရန် တိုင်းရင်းသားညီလာခံ သဘောတူ
DVB
·
February 18, 2015
ဖက်ဒရယ်ပေါ်ထွန်းရေး ကြိုးပမ်းရန် တိုင်းရင်းသားညီလာခံ သဘောတူ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသားအားလုံးက လိုလားပြီး လိုလားချက်အတိုင်း လက်ညီတက်ညီ ကြိုးပမ်းဆောင်ရွက်မယ်လို့ တိုင်းရင်းသားပေါင်းစုံညီလာခံက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီက ကမကထပြု ကျင်းပတဲ့ ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားပေါင်းစုံညီလာခံအပြီး ထုတ်ပြန်ခဲ့တာပါ။

ကျားဖြူပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းတင်က “ကျနော်တို့ လူမှုအသိုင်းအ၀ိုင်းမှာ၊ နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းမှာ ရှေ့ဆက်ဘယ်လိုသွားကြမလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားပါတီတွေရော၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း အဖွဲ့ဝင်တွေပါ သူတို့သဘောထားတွေ လာရောက်ဆွေးနွေးတင်ပြကြတယ်။ ဒီနောက် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ၀ိုင်းဝန်းကြိုးပမ်းဖို့ အပါအ၀င် အချက် ၆ ချက်ပါ သဘောထားကြေညာချက်ကို ထုတ်ပြန်ပါတယ်’လို့ ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုမှာ နိုင်ငံရေးတန်းတူညီမျှရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတွေအပြင် တိုင်းရင်းသားအခွင့်အရေး ကာကွယ်တဲ့ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အမြန်ဆုံးပြဋ္ဌာန်း အတည်ပြုပေးဖို့ တိုက်တွန်းမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုအဆင့်ဆင့်မှာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်တွင်းမှာရှိတဲ့ တိုင်းရင်သားပေါင်းစုံ ညီညွတ်စွာစုစည်းပြီး ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးကြိုးပမ်းသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တောင်ကြီးမှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် ရှမ်းပြည်နယ်တိုင်း ရင်းသားပေါင်းစုံညီလာခံမှာ ခမီ၊ ရခိုင်၊ ပအိုဝ်း၊ မွန်၊ ကိုးကန့်၊ အင်း၊ ဓနု၊ ချင်း၊ လီဆူးစတဲ့ တိုင်းရင်းသားပါတီပေါင်း ၂၅ ပါတီက ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို ကျားဖြုပါတီအပါအ၀င် နိုင်ငံရေးပါတီတချို့နဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်ပြည်ထောင်စုနေ့မှာ သဘောတူလက်မှတ်ထိုးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013