DVB Logo
Home
မြန်မာသတင်း
ဝှိုက်ကတ်ကိုင်သူ အရေအတွက် ၆ သိန်းခန့်သာရှိဟု အစိုးရပြော
DVB
·
February 18, 2015
ဝှိုက်ကတ်ကိုင်သူ အရေအတွက် ၆ သိန်းခန့်သာရှိဟု အစိုးရပြော
Donate to DVB

မြန်မာနိုင်ငံအတွင်း ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူ ၅၉၀၀၁၆ ယောက်ပဲရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဝန်ကြီးက နိုင်ငံပိုင်သတင်းဌာနနဲ့ မေးမြန်းခန်းမှာ တရားဝင်ပြောဆိုလိုက်တာဖြစ်ပြီး အရင်လွှတ်တော်တွင်း ထွက်ပေါ်ခဲ့တဲ့ ၀ှိုက်ကတ်ကိုင်ဆောင်ထားသူပေါင်း ၁ သန်းခွဲဆိုတဲ့ အရေအတွက်ဟာ အခု ၀န်ကြီးပြောဆိုချက်အရ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံအတွင်း ၀ှိုက်ကတ်ကိုင်ဆောင်ထားသူတွေထဲ၊ ဘင်္ဂါလီ၊ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်နဲ့ တိုင်းရင်းသားတွေ ပါဝင်နေတယ်လို့ လ၀က၀န်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်အရ ၀ှိုက်ကတ်ကိုင်ထားသူတွေဟာ မတ် ၃၁ ရက် နောက်ဆုံးထားပြီး ကတ်တွေပြန်အပ်ကြရမှာ ဖြစ်ပါတယ်။

ဥပဒေအရ ၀ှိုက်ကတ်သက်တမ်းကုန်ဆုံးရက်အပြီး တပတ်အတွင်း ကတ်တွေကို ပြန်အပ်ရမှာဖြစ်ပြီး သမတအမိန့်ထဲမှာတော့ ကတ်ပြန်အပ်ဖို့ ၂လ အချိန်ပေးထားပါတယ်။

ဝှိုက်ကတ်ခေါ် ယာယီသက်သေခံလက်မှတ်တွေကို ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ၂ (င) အရ ၁၉၉၅ ခုနှစ်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပေးခဲ့တာဖြစ်ပြီး နှစ် ၂၀ ကြာမြင့်နေပြီဖြစ်ပါတယ်။

နှစ် ၂၀ ကြာကာလအတွင်း ၀ှိုက်ကတ်ကိုင်ထားသူတွေက နိုင်ငံသားစိစစ်ဖို့လုပ်တာကို ပုန်းရှောင်နေခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိလို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် ကြန့်ကြာနေတာလို့ ၀န်ကြီးဦးခင်ရီက ဆင်ခြေပေးပြောကြားခဲ့ပြီး ရခိုင်ပါတီခေါင်းဆောင်တွေကတော့ ၀န်ကြီးဌာန အလုပ်မလုပ်လို့ ဒီလောက် နှစ်ပေါင်းများစွာကြာနေတာလို့ ဝေဖန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013