DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းလွှတ်တော်ရောက်ပြီ- ဒေါ်စုစုလွင်
DVB
·
February 18, 2015
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းလွှတ်တော်ရောက်ပြီ- ဒေါ်စုစုလွင်
Donate to DVB

အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာပညာရေး မြှင့်တင်မှုကွန်ယက်နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကော်မတီဝင် ကျောင်းသားတွေ ဖေဖော်ဝါရီ ၁၄-၁၅ ရက်မှာ လေးပွင့်ဆိုင် ညှိနှိုင်းရေးဆွဲထားတဲ့ ‘အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း” ကို ပညာရေးဝန်ကြီးဌာနက လွှတ်တော်ကို တရားဝင် တင်သွင်းပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ တက်ရောက်တဲ့ ဖေဖော်ဝါရီ ၁၇ ရက် အစည်းအဝေးမှာ တရားဝင် တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်တဲ့ ပညာရေးမြှင့်တင်မှုကော်မတီဝင် ဒေါ်စုစုလွင်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။

ဒီကနေ့  အန်တီတို့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်ဘက်က အစပျိုးဆောင်ရွက်မှုရှိတယ်လို့ ကြားသိလို့ပါ။ ရှင်းပြပေးပါလားခင်ဗျာ။

“အဲဒါကတော့ ပညာရေးဝန်ကြီးဌာနကနေပြီးတော့ လွှတ်တော်နာယကနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဆီကို အဲဒီဥပဒေကြမ်းကော်မတီ လွှတ်တော်ရဲ့ ပူးပေါင်းကော်မတီနဲ့ ပညာရေးမြှင့်တင်မှုကော်မတီဝင်တွေ တချို့ပေါ့နာ် အစည်းအဝေးတခုလို ဖိတ်ပြီးတော့ အဲဒီမှာ လေးပွင့်ဆိုင်ဆိုပေမယ့်လည်း အဓိကကတော့ သုံးဖွဲ့ပေါ့နော်၊ ပညာရေးဝန်ကြီးရယ်၊ ဌာနရယ်၊ အန်အန်အီးအာရ်ရယ်၊ ကျောင်းသားရယ် အဲဒီသူတို့ သဘောတူလိုက်တဲ့ဥပဒေလို့ပဲ အန်တီတို့ ဒီလိုပဲ နားလည်ပါတယ်။ အမျိုးသားပညာရေး ဥပဒေကြမ်း အတွက် ပြင်ဆင်ချက်တွေကို အဲဒါကို လွှတ်တော်ကို တရားဝင် တင်တဲ့သဘောပါပဲ။ အဲဒီအစည်းအဝေးပါ။

ဒါဆို အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းက လွှတ်တော်ကို တရားဝင်ရောက်ရှိသွားပြီလို့ မှတ်ယူရမလားခင်ဗျာ။

“ဟုတ်ကဲ့ မှတ်လို့ရပါတယ်။ အဲလိုမှတ်လို့ရပါတယ်။”

ဒီတော့ လွှတ်တော်မှာ ဘယ်တော့လောက်ဆွေးနွေးကြမလဲ သိပါရစေ။

“အဲဒါတော့ အန်တီတို့ ဒီကနေ့ မဆွေးနွေးပါဘူး။ ဒီကနေ့ကတော့ အဲဒီ ဥပဒေမူကြမ်း ဖြစ်လာတဲ့ ဖြစ်စဉ်ကိုပဲ ရှင်းပြပြီးတော့ အစည်းအဝေးမှာ အဲဒီဟာကို တင်တဲ့အကြောင်းပေါ့နော်၊ တရားဝင်တင်တဲ့ဟာကိုပဲ အစည်းအဝေးလုပ်တာပါ။ ဘယ်တော့ဆွေးနွေးမယ်ဆိုတာတော့ ဒီနေ့ မဆွေးနွေးပါဘူး။”

သာမန်လုပ်ထုံးလုပ်နည်းအရဆို ပညာရေးဝန်ကြီးဌာနကပဲ တင်ရမှာပေါ့နော်။

“လုပ်ထုံးလုပ်နည်းအရဆိုရင် ပညာရေးဝန်ကြီးဌာနကလည်း တင်လို့ရတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း လွှတ်တော်ကိုယ်စားလှယ်တွေထဲကလည်း တင်ရင်ရတယ်။ လွှတ်တော်ထဲက ကော်မတီတခုခုကနေလည်း တင်မယ်ဆို တင်လို့ရပါတယ်။ ဒါပေမယ့် အခုဟာကတော့ ၀န်ကြီးဌာနက တင်တဲ့ဟာပေါ့နော်။ အဲလိုပဲ မှတ်ရမှာပေါ့။”

ဘယ်တော့လောက်ဆွေးနွေးမယ်ဆိုတာတော့ တိကျတဲ့ရက် သတ်မှတ်ချက် မထွက်လာသေးဘူးပေါ့နော်။

“ဒီနေ့ကတော့ အဲလိုရက်စွဲကတော့ မထွက်လာသေးပါဘူး”

ဒီကနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဘာတွေများ ထပ်သိနိုင်စရာရှိဦးမလဲခင်ဗျာ။

“ဒီကနေ့ဆွေးနွေးပွဲက အဓိကကတော့ အဲဒါပါပဲ။ ကျန်တာတော့ အန်တီလည်း ပြောလို့မရပါဘူး။ ဘာလို့လည်း ဆိုတော့ ဘာမှ တိတိကျကျ ဆွေးနွေးတာမှ မရှိသေးတာလေ။ ဘယ်လွှတ်တော်ဘက်က တင်မယ်ဆို တာလည်း မဆွေးနွေးပါဘူး။ ခါတိုင်းလိုဆို ဥပမာပေါ့နော် လွှတ်တော်နာယကကြီးဆီ ရောက်သွားပြီဆိုရင် လွှတ်တော် ၂ ရပ်က တခုခု ဘက်ကနေ ဒါကို အရင်ဆုံးဆွေးနွေးတာ၊ ပြန်ပြီးသုံးသပ်တာ။ ဥပဒေကြမ်း ကော်မတီက သုံးသပ်ပြီးတော့မှ လွှတ်တော်ကိုတင်တာရှိတယ်လေ။ အဲဒီတော့ ဘယ်လွှတ်တော်က ကြည့်မယ်ဆိုတာလည်း ဒီနေ့တော့ မပြောပါဘူး။”

အန်တီတို့အပြင်ဆို လွှတ်တော်နာယက သူရဦးရွှေမန်းတို့၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့ ပါမှာပေါ့။

“နှစ်ဦးစလုံးပါပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013