DVB Logo
Home
မြန်မာသတင်း
စင်ကာပူကနေ ပုဂံအထိသွားမည့် ရှေးဟောင်းကားများ
DVB
·
February 18, 2015
စင်ကာပူကနေ ပုဂံအထိသွားမည့် ရှေးဟောင်းကားများ
1 / 7
Donate to DVB

စင်ကာပူကနေ ပုဂံအထိသွားမယ့် ရှေးဟောင်းကား ၆၆ စီးဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ခရီးတထောက်နားရာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ဆက်လက် ထွက်ခွာသွားကြပါပြီ။

Road To Mandalay လို့ နာမည်ပေးထားတဲ့ ၂၆ ရက်ကြာ ဒီခရီးစဉ်မှာ လိုက်ပါလာကြသူတွေဟာ ကမ္ဘာတ၀ှမ်း နိုင်ငံပေါင်း ၁၉ နိုင်ငံကဖြစ်ပြီး အများစုဟာ ဗြိတိန်နိုင်ငံက ဖြစ်ပါတယ်။

စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း၆၀ကျော် တန်ဖိုးရှိတဲ့ ဒီရှေးဟောင်းကားတွေကို သူတို့ နိုင်ငံအသီးသီးကနေ စင်ကာပူနိုင်ငံအထိ သင်္ဘောနဲ့ သယ်ယူလာခဲ့ကြတာပါ။ အဲ့ဒီထဲမှာ ၁၉၀၇ ခုနှစ်က အီတလီနိုင်ငံထုတ် အီတာလာကားဟာ ရှေးအကျဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ သန်းကျော် တန်ပါတယ်။

Road To Mandalay ခရီးစဉ်ကို ဖေဖော်ဝါရီလ ၁ရက်နေ့က စင်ကာပူနိုင်ငံ ကနေ စတင်တာထွက်ခဲ့တာဖြစ်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကို ဖြတ်သန်းကာ ခရီးစဉ်ရဲ့ ၁၅ ရက်မြောက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်တာ ခရီးတထောက် နားနေခဲ့တာပါ။ ဒီရှေးဟောင်းကားတွေဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံတွင်းကို မြ၀တီမြို့ကနေ ၀င်ရောက်ကြမှာပါ။

နေပြည်တော်၊ အင်းလေး၊ မန္တလေး၊ ပုဂံနဲ့ ရန်ကုန်မြို့တွေကို သွားရောက်မှာဖြစ်ပါတယ်။ သူတို့ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပုဂံမြို့ကို ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်ကို အဆုံးသတ်ကြမှာပါ။ Road To mandalay ခရီးစဉ်ကို ဗြိတိန်နိုင်ငံ အခြေစိုက် Endurance Rally Association က ၃ နှစ်ကြာစီစဉ်ခဲ့ရတာဖြစ်ပြီး ပထမဆုံးမြန်မာပြည်ခရီးစဉ်ဖြစ်ပါတယ်။

ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ အရှေ့တောင်အာရှရဲ့ ဒေသံသရ ဗဟုသုတရဖို့နဲ့ တံခါးပွင့်လာတဲ့ မြန်မာနိုင်ငံရဲ့ တောတောင်ရေမြေနဲ့ ဖြတ်သန်းသွားရာ လမ်းတလျှောက်က လူနေမှုဘ၀တွေကို လေ့လာကြဖို့ပဲဖြစ်ပါတယ်။

Photo by Gerard Brown

[gallery ids="82150,82151,82152,82153,82154,82155,82156,82157,82158,82159,82160"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013