
အမေရိကန်စစ်တပ်ဟာ ဧပြီ ၁၃ ရက် ဂရင်းနစ်စံတော်ချိန် ၁၄ နာရီ (မြန်မာစံတော် ည ၈ နာရီခွဲ) ကစလို့ အီရန်ဆိပ်ကမ်းအားလုံးကို ပိတ်ဆို့မှာဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းပြီးတော့ နိုင်ငံတခုကနေ တခြားနိုင်ငံတခုကို သွားတဲ့ ရေယာဉ်တွေကိုတော့ ဟန့်တားသွားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Truth Social မှာ ပို့စ်တင်ခဲ့ရာမှာ ဟော်မုဇ်ရေလက်ကြားကို ဝင်ဖို့ထွက်ဖို့ ကြိုးစားတဲ့ သင်္ဘောမှန်သမျှ ပိတ်ဆို့သွားမယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးနောက် အခုလိုကြေညာလိုက်တာ ဖြစ်ပါတယ်။
အီရန်က နျူကလီးယားအစီအစဉ်တွေကို စွန့်လွှတ်မှာမဟုတ်တဲ့အတွက် ဆွေးနွေးပွဲပျက်ခဲ့ရတာလို့ ထရမ့်ပ်က ဆိုပါတယ်။
အီရန်အနေနဲ့ ဆွေးနွေးပွဲကို ပြန်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ဂရုမစိုက်ဘူးလို့လည်း ထရမ့်ပ်က ပြောထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရက်ချီကတော့ သဘောတူညီချက်ရဖို့ နီးစပ်ခဲ့ပေမဲ့ အမေရိကန်ဘက်က တောင်းဆိုချက်တွေ ပြောင်းလဲခဲ့တယ်လို့ စွပ်စွဲပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါဂါလီဘတ်ကလည်း ခြိမ်းခြောက်မှုတွေအောက်မှာ အညံ့ခံမှာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
ရေလက်ကြားကို ချဉ်းကပ်လာတဲ့ စစ်သင်္ဘောတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က သတိပေးထားပါတယ်။
သီတင်းပတ် ၆ ပတ်ကြာရှိနေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်မှာကျင်းပခဲ့တဲ့ အဆင့်မြင့်ဆွေးနွေးပွဲတွေအတွင်း အမေရိကန်ရဲ့ “အမြင့်ဆုံးဝါဒ” နဲ့ “ရည်မှန်းချက်ပန်းတိုင်တွေ ရွေ့လျားခြင်း”တို့က သဘောတူညီချက် ပျက်ပြားရတဲ့ အကြောင်းရင်း လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီက ဧပြီ ၁၃ ရက် အစောပိုင်းမှာ ပြောပါတယ်။
ဧပြီ ၁၁ ရက်က ပါကစ္စတန်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံး အမေရိကန်-အီရန် တိုက်ရိုက် ဆွေးနွေးပွဲနဲ့ ၁၉၇၉ ခုနှစ် အီရန် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အမြင့်ဆုံးအဆင့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့စစ်တပ်ဟာ ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှုအတွက် အရေးပါတဲ့ လမ်းကြောင်းတခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို စပြီးရှင်းနေပြီလို့ ကြေညာပြီးတဲ့နောက် ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။
၄၇ နှစ်အတွင်း အမြင့်ဆုံးအဆင့် အပြင်းအထန် ဆွေးနွေးမှုတွေမှာ အီရန်ဟာ အမေရိကန်နဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဆက်ဆံခဲ့ပါတယ်"လို့ အီရန် ဝန်ကြီး အာရတ်ချီက Xလူမှုကွန်ရက်မှာ ရေးပါတယ်။
အီရန်ကိုယ်စားလှယ်အဖွဲ့ဟာ အစ္စလာမာဘတ်မှာ လုပ်တဲ့ ဆွေးနွေးပွဲတွေအတွင်း "ရှေ့ကိုမျှော်ကြည့်တဲ့ ကြိုးပမ်းမှုတွေ"ကို ကမ်းလှမ်းခဲ့ပေမဲ့ အမေရိကန်ရဲ့ ယုံကြည်မှုကို မရရှိခဲ့ဘူးလို့ အီရန်လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
Source: Reuters










