
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံပိုင် အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီရဲ့ ဌာနတခုက သူတို့ရဲ့ ရေနံတင်သင်္ဘောတွေထဲက တစီးကို ပြီးခဲ့တဲ့သီတင်းပတ်က အီရန်ဒရုန်းတွေက တိုက်ခိုက်ခဲ့လို့ အိုမန်ကမ်းရိုးတန်းမှာ လောင်စာဆီနည်းနည်း ယိုစိမ့်ခဲ့တယ်လို့ မေ ၁၃ ရက်မှာ ပြောပါတယ်။
အီရန်စစ်ပွဲကနေ ပေါ်ပေါက်လာတဲ့ ဂေဟစနစ်ဆိုင်ရာ အန္တရာယ်တွေကို အလေးပေး ပြောဆိုခဲ့ပါတယ်။
အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်လိုက်တာဟာ အရေးကြီးတဲ့ သင်္ဘောလမ်းကြောင်းကို သွားလာဖို့ မရေမရာ ဖြစ်စေခဲ့တာပါ။ သင်္ဘောရာပေါင်းများစွာလည်း ပင်လယ်ကွေ့ထဲမှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။
ကုမ္ပဏီက သူ့သင်္ဘော M.V. ဘာရာခါနဲ့ ပတ်သက်တဲ့ အခြေအနေကို စောင့်ကြည့်နေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အထူးတုံ့ပြန်ရေးအဖွဲ့တွေနဲ့ နီးနီးကပ်ကပ် လုပ်နေတယ်လို့ ပြောပါတယ်။
မေ ၄ ရက်က အီရန်ဒရုန်း ၂ စင်းရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် အိုမန်ကမ်းရိုးတန်းမှာ ကျောက်ချနေဆဲပါလို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဘန်ကာလောင်စာဆီလို့ ယူဆရတဲ့ လောင်စာဆီ နည်းနည်း ယိုစိမ့်သွားခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူက လောင်စာဆီ ဘယ်လောက်ယိုစိမ့်ခဲ့တယ်ဆိုတာ မပြောပြခဲ့ပါဘူး။
တိုက်ခိုက်ချိန်မှာ သင်္ဘောသားတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘဲ ရေနံတင်သင်္ဘောမှာလည်း ကုန်ပစ္စည်းတစုံတရာ မတင်ဆောင်ထားဘူးလို့ ကုမ္ပဏီက ပြောပါတယ်။
အိုမန်ရဲ့ ရေကြောင်းလုံခြုံရေးစင်တာက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
Source: Reuters










