DVB Logo
Home
မြန်မာသတင်း
ပါတီစွဲ ကင်းရှင်းရန် အရပ်ဖက်အဖွဲ့အစည်းများကို ကော်မရှင်ဥက္ကဋ္ဌ သတိပေး
DVB
·
February 16, 2015
ပါတီစွဲ ကင်းရှင်းရန် အရပ်ဖက်အဖွဲ့အစည်းများကို ကော်မရှင်ဥက္ကဋ္ဌ သတိပေး
1 / 2
Donate to DVB

[caption id="attachment_81946" align="alignright" width="310"]ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး[/caption]

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ပါတီစွဲကင်းရှင်းဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မှာကျင်းပတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းမှုဆိုင်ရာ အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။
CSO များကို အထူးမေတ္တာရပ်ခံချင်တာကတော့ ပူးပေါင်းဆောင်ရွက်တော့မယ်၊ observe လုပ် တော့ မယ်ဆိုရင် ပါတီစွဲကင်းပါ။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်သလို ဘယ်သူ့ကို မဲပေးပါ၊ ဘယ်ပါတီကိုမဲပေးပါ အစရှိသဖြင့် စည်းရုံးသွားတာမျိုး မဖြစ်စေချင်ပါဘူး။

ထို့အတူပဲ observe လုပ်တဲ့အခါမှာလည်း ဘယ်ပါတီကို ဘက်လိုက်ပြီးတော့ report တင်တာမျိုး မဖြစ်စေချင်တဲ့အတွက် CSO များကို အထူးမေတ္တာရပ်ခံချင်တာကတော့ ပါတီစွဲကင်းဖို့ အထူးလိုအပ်ပါတယ်လို့ ပြောကြားချင်ပါတယ်" လို့ ဦးတင်အေးက သတိပေးလိုက်တာပါ။

ဒီပြောကြားချက်အပေါ်မှာ "အရပ်ဖက်လူ့အဖွဲ့အစည်းတွေအနေနဲ့ ဘက်မလိုက်ပဲ စောင့်ကြည့်မယ်၊ ပါတီစွဲကင်းစင်ရမယ် ဒါကတော့ ငြင်းစရာမလိုပါဘူး အဲတာတော့ ကျနော်တို့ ပြောစရာမရှိဘူး။ ဒါပေမယ့် အရပ်ဖက်လူ့အဖွဲ့အစည်းအနေနဲ့ ကျနော်တို့ကတော့ မဟုတ်ဘူး၊ ဒါကတော့ အရပ်ဖက် လူ့အဖွဲ့အစည်းအနေနဲ့ ဘက်မလိုက်ပဲ စောင့်ကြည့်တာ မဟုတ်ဘူး။ ကျနော်တို့ကတော့ ပါတီတခုခု ကိုတော့ အကူအညီပေးချင်တယ်။ ဒါဆိုလည်းရှင်းတယ်။ အဲဒီစည်း နှစ်ခုကိုတော့ ကျနော်တို့ ခြားဖို့လိုတယ်" လို့ PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ စိုင်းရဲကျော်စွာမြင့် က သုံးသပ်ပါတယ်။

မြင်းခြံမြို့မှ တက်ရောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ဒေါ်ရီရီထွန်းကတော့ "လူတိုင်းမှာတော့ ကိုယ်နှစ်သက်တဲ့ ပါတီဆိုတာ ရှိတာပဲလေ။ ပါတီစွဲကင်းဖို့ဆိုတာက အခုသူတို့ထုတ်ပြန်ထားတဲ့ ပုံသဏ္ဍာန်မျိုးကကြတော့ အမစိတ်ထဲမှာတော့ ချုပ်နှောင်ထားသလိုများ ဖြစ်နေမလားပေါ့နော်" လို့ပြောပါတယ်။
ဒါ့အပြင် ကော်မရှင်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေကိုလည်း နားလည်ထားမှသာ မဲပေးသူပညာပေးလုပ်ငန်းတွေ အဆင်ပြေအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
"ကျနော်အားကိုးပါတယ်။ သို့သော်လည်း နံပတ်တစ်က ဘာလုပ်ရမလဲဆိုတော့ ကျနော်တို့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ လက်စွဲစာစောင့်တွေကြည့်ပြီးတော့ အဲဒီအပေါ်မှာ ပူးပေါင်းဆောင်ရွက်ခြင်း သာလျင် အမှန်ကယ်ဆုံးဖြစ်တဲ့အတွက်ကြောင့် ဆောင်ရွက်ပါ။ အခု CSO များက ကျနော့်ထက် ခြေတလှမ်း သာနေပါတယ်။ ခြေတလှမ်းသာတာကောင်းပါတယ်။ အားပေးပါတယ်၊ဒီအားပေးတာက ဒီထုတ်ပြန်တဲ့ ပန်းဖလက်တွေဟာ ဥပဒေနဲ့ညီမယ် လုပ်ငန်းလမ်းညွှန်နဲ့ညီမယ်ဆိုရင် အင်မတန်ကောင်းတဲ့ အတွက်ကြောင့် ဒီလို ပူးပေါင်းဆောင်ရွက်တာ ကြိုဆိုပါတယ်" ဦးတင်အေးက ဆက်ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မဲပေးသူပညာပေးလုပ်ငန်းတွေကို မကြာခင်မှာ စတင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013