DVB Logo
Home
မြန်မာသတင်း
ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း ခေတ္တရပ်နား
DVB
·
February 16, 2015
ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း ခေတ္တရပ်နား
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ချီတက်နေတဲ့ကျောင်းသားသပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ ဧရာဝတီ သပိတ်စစ်ကြောင်းက ရန်ကုန်ကို ဆက်မသွားတော့ဘဲ  ဒီကနေ့ ခေတ္တရပ်နားလိုက်ပါတယ်။

IRRAWADDY STUDENT PROTEST 1ဒီကနေ့ ဖျာပုံမြို့ကနေ  ဘိုကလေးမြို့ကိုရောက်ရှိစဉ် သပိတ်ရပ်နားကြောင်း သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပြီး သပိတ်ရပ်နားပေမယ့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ဖို့အတွက် ဆက်လက်စောင့်ကြည့်မယ်လို့လည်း ဧရာဝတီသပိတ်စစ်ကြောင်းက ကိုတေဇာက ပြောပါတယ်။

“ကျနော်တို့ သပိတ်ကို ခေတ္တခဏ ရပ်ထားမယ်။ သပိတ်ကိုပဲ ရပ်ထားတာဖြစ်ပါတယ်။ ကျနော်တို့ လှုပ်ရှားဆောင်ရွက်နေတဲ့ကိစ္စရပ်တွေကို နောက်ပိုင်း လုပ်ငန်းစဉ်တွေ ရှိတယ်။ နောက် လွှတ်တော်ကိုတင်လိုက်တဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကထွက်လာတဲ့ ဥပဒေမူကြမ်းကို ကျနော်တို့ ဆန္ဒအတိုင်း ဖြစ်မဖြစ် စောင့်ကြည်ဦးမယ်။ တကယ်လို့ အစိုးရနဲ့ လွှတ်တော်ဘက်က ကျနော်တို့ ဆန္ဒကို သွေဖယ်ပြီးတော့ ပြင်ဆင်အတည်ပြုမယ်ဆိုရင်တော့ နောက်ထပ်သပိတ်တိုက်ပွဲတွေ ဒီထက်မကတဲ့သပိတ်ကို ချီတက်သွားမှာဖြစ်ပါတယ်။”

သပိတ်ကိုရပ်နားမှာဖြစ်တဲ့အတွက် သပိတ်မှာပါဝင်တဲ့ ကျောင်းသူကျောင်းသားတွေဟာ မိမိတို့ သက်ဆိုင်ရာကျောင်းတွေမှာ စာမေးပွဲပြန်ဖြေကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်ဒီကျောင်းသားတွေ ရွေးချယ်ထားတဲ့ သပိတ်ကော်မီတီခေါင်းဆောင်တွေကနေပြီး အမျိုးသားပညာရေးဥပဒေကို မျက်ခြေမပြတ် စောင့်ကြည့်သွားမယ်လို့လည်း ကိုတေဇာက ပြောပါတယ်။

ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းဟာ ဇန်န၀ါရီလ ၃၀ ရက်နေ့ကစပြီး ပုသိမ်မြို့ကနေ ရန်ကုန်ကို စတင်ဆန္ဒထုတ်ဖော်ချီတက်ကြတာဖြစ်ပြီး လမ်းတလျာက်မြို့တွေမှာ ဒေသခံတွေရဲ့ တခဲနက် အားပေးခဲ့ကြပါတယ်။

မန္တလေးကနေ ချီတက်လာနေတဲ့ ကျောင်းသားသပိတ်  ပင်မစစ်ကြောင်းကတော့   အစိုးရက ရန်ကုန်တိုင်းအ၀င်မှာ လုံခြုံရေး အတားအဆီးတွေဝင်မလာဖို့ သတိပေးထားတဲ့ကြားက ရန်ကုန်ကို ဆက်လက် ချီတက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013