DVB Logo
Home
Lead Story
ပညာရေးစနစ်တွင် နည်းပညာသုံးစွဲမှု အားကောင်းလာတဲ့ ကင်ညာနိုင်ငံ
DVB
·
February 16, 2015
Donate to DVB

ကျနော်တို့ဟာ ခလုတ်တချက်နှိပ်လိုက်ရုံနဲ့ အရာရာ ပြီးမြောက်နိုင်တဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေ တာပါ။ ခုတော့ သင်ကြားရေးဘက်မှာပါ အသုံးချလာကြပါပြီ။ ဆွာဟီလီ ဘာသာစကားအရ "ဆိုက်ရောက်ပြီ"လို့ အဓိပ္ပါယ်ရတဲ့ အင်နေဇာ အက်ပလီကေရှင်းက နိုင်ရိုဘီက ကလေးတွေကို အထောက်အကူ ပေးနေပါပြီ။

"ကျနော်တို့က အကြောင်းအရာကို ရွေးချယ်တယ်။ ပြီးရင် စဉ်းစားရကျပ်တဲ့ မေးခွန်းတခုကို ဆွဲထုတ်ပြီး အတန်းရှေ့မှာ တပည့်တွေနဲ့အတူ အဖြေထုတ်ကြပါတယ်။"

ဒီအက်ပလီကေရှင်းက ဂျူလီယန်အော့ချင်းလို ဆရာဆရာမတွေအတွက် တပည့်တွေကို သင်ကြားရာမှာ ထောက်ကူပေးပါတယ်။ အထူးသဖြင့် ဥာဏ်နည်းတဲ့တပည့်တွေအတွက် အားကိုးရာတခုဖြစ်ပါတယ်။ ကုတ်နံပါတ်တခုကို ရိုက်ထည့်ပေးလိုက်ရုံနဲ့ သင်ထောက်ကူတွေကတော့ အကန့်အသတ်မရှိ အလကားရပါတယ်။

"အက်ပလီကေရှင်းတွေက လမ်းညွှန်ချက်ပေးနိုင်တယ်။ အဖြေမှန်ကို ပြောပြနိုင်တယ်။ မေးခွန်းနဲ့ပတ်သက်တဲ့ သိမှတ်စရာတွေကိုလည်း ပြောနိုင်တယ်။"

ဒီအက်ပ်သုံးတဲ့ တခြားနိုင်ငံတွေလိုပဲ ကင်ညာရဲ့နည်းပညာသုံးစွဲမှုနိဒါန်းကတော့ အရင်းအမြစ် မရှိပေးမယ့် နုသစ်အားကောင်း လှပါတယ်။ ကင်ညာရဲ့ အကြီးဆုံး မိုဘိုင်းကွန်ရက်ကုမ္ပဏီဖြစ်တဲ့ ဆာဖာရီကွန်းမ်နဲ့ အခြားကုမ္ပဏီတွေက အကုန်အကျခံထားတဲ့ အင်နေဇာကတော့ ခြွင်းချက်လို့ ဆိုရမှာပါ။ ငွေမရှိရင်တော့ ဘာမှလုပ်လို့မရဘူးလို့ အင်နေဇာ တီထွင်သူ ခရစ္စတိုဖာအဆက်ဂို က ဆိုပါတယ်။

"လုပ်ငန်းစလုပ်ဖို့ဆိုရင် ရန်ပုံငွေတောင့်ဖို့လိုတာပေါ့။ စစခြင်း ရန်ပုံငွေတောင့်လို့လည်း ခုလောက်ထိ ခရီး ရောက်တာပေါ့။ ခုဆိုရင် ဒီပလက်ဖောင်းကိုသုံးတဲ့ ကျောင်းသားဦးရေး သုံးသိန်းခွဲလောက် ဖြစ်သွား ပြီ။"

"ဆာဖာရီကွန်းမ်ကုမ္ပဏီဟာ ဆန်းသစ်တီထွင်ခြင်းရဲ့ အောင်မြင်မှုပြယုဂ်တခုပါ။ ဒီကုမ္ပဏီက အာဖရိက၊ အာရှနဲ့ ဥရောပမှာမှာ လက်ရှိသုံးစွဲနေတဲ့ အမ်ပီဆာဆိုတဲ့ မိုဘိုင်းငွေလွှဲနည်းပညာကို စဦးတီထွင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်အတွင်းမှာ ဒီစနစ်နဲ့ ငွေလွှဲတာ ဒေါ်လာသန်း ၃၀၀ အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုမှလုပ်ငန်းစလုပ်မယ့်သူတွေအတွက် အောင်မြင်မှုက အလှမ်းဝေး နေပါတယ်။ ဒေသတွင်းသုံး နည်းပညာဗဟိုကွန်ယက်စနစ်ကိုဆောက်ဖို့တောင် ဖြစ်ညှစ်ပြီး ကြိုးစား ခဲ့ရပေမယ့် စနှိုး စနစ်(start-ups)တောင် နိုးမလားဘူးလို့ ဆိုပါတယ်။ ထုတ်လုပ်လိုက်ဆော့ဖ်ဝဲ သုံးပုံနှစ်ပုံလောက်က ဒီအဖွဲ့ဆက်ပြီးလုပ်ငန်းလုပ်နိုင်လောက်အောင် ၀င်ငွေမရခဲ့ပါဘူး။"

"ဈေးကွက်နဲ့ ဘာတွေအလှမ်းကွာနေလဲဆိုတာ သုံးသပ်ပြီး အဖြေရှာရမယ်။ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ရအောင်လုပ်ရမယ်။"

ငွေကြေးဖန်းတီးရာမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ မှန်ကန်တဲ့စိတ်ကူးစိတ်သန်းရဖို့က အဓိကပြဿနာ နှစ်ရပ်ပါပဲ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူတွေက ဒါကိုမြင်အောင်ကြည့်ဖို့လိုပါတယ်လို့ မူဂတ်ထီက ဆိုပါတယ်။

"ငွေးကြေးရော ကိုယ့်ရဲ့ဦးဆောင်နိုင်မှုစွမ်းရည်ကိုပါ မြှုပ်နှံရမယ်။ ကျနော်ကတော့ လူငယ်တွေကို ဆက်လက်တီထွင်ဆန်းသစ်ကြဖို့ တိုက်တွန်းချင်ပါတယ်။"

ခုဆိုရင် ကင်ညာနိုင်ငံမှာ မိုးဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်ဟာ ၈၀ ရာခိုင်နှုန်း နီးပါးရှိလာပါပြီ။ ဈေးချိုချိုနဲ့ အချက်အလက်တွေရနိုင်တဲ့အပြင် စမတ်ဖုန်းသုံးစွဲသူအရေအတွက် များလာပြီမို့ ကင်ညာနိုင်ငံအဖို့ အခွင့်ကောင်းတွေရှိလာပြီလို့ ဆိုပါတယ်။

 

[gallery ids="81915,81916,81917,81918"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013