DVB Logo
Home
မြန်မာသတင်း
ကိုးကန့်တိုက်ပွဲဝင် တပ်မတော်သားများကို ရုပ်ရှင်သရုပ်ဆောင်များအားပေး
DVB
·
February 16, 2015
ကိုးကန့်တိုက်ပွဲဝင် တပ်မတော်သားများကို  ရုပ်ရှင်သရုပ်ဆောင်များအားပေး
1 / 9
Donate to DVB

ကိုးကန့်တပ်တွေနဲ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ လောက်ကိုင်ဒေသရှိ တပ်မတော်သားတွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို  လာမယ့် ရက်ပိုင်းအတွင်း အနုပညာရှင်တွေက သွားရောက် အားပေး ကူညီဖို့ ရှိနေပါတယ်။

လောက်ကိုင်ဒေသဘက်ကို ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်း သွားဖို့ရှိနေပြီး လက်ရှိမှာ စစ်တပ်နဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အစားအသောက်ပစ္စည်းတွေကို လိုက်လံ စုဆောင်းနေ တယ်လို့ သွေးမေတ္တာ ပရဟိတအသင်း  ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က ပြောပါတယ်။

“ကျနော်လွန်ခဲ့တဲ့ နှစ်လလောက်က ကွမ်းလုံရက် ၄၀  ဇာတ်ကားသွားရိုက်ရင်းနဲ့ အဲဒီမှာ ကျနော် ရက်ပေါင်း ၂၀ လောက်နေခဲ့တယ်။ ကျနော် ကွမ်းလုံလည်းရောက်ခဲ့တယ်။ လောက်ကိုင်လည်း ရောက်ခဲ့တယ်။ ကျနော် ဒီကနေ သွားမယ်ဆိုလိုက်ရှိရင် အနည်းဆုံး ကျနော် ကွမ်းလုံရောက်သွားပါမယ်။ ကွမ်းလုံနဲ့ ဟိုဖက်နဲ့က မိုင် ၂၀ လောက်ပဲ ကျန်တာကို အဲဒီထက် ထပ်တိုးလို့ရရင် ကျနော် ချင်းရွှေဟော်အထိ သွားမယ်။ ချင်းရွှေဟော် ကနေ ဟိုဖက်ကိုတော့ သွားလို့ ရချင်မှရမယ်။ ဒါပေမယ့် သူတို့ရဲ့ စစ်တပ် ထောက်ပံ့ရေးပို့တဲ့ကားတွေနဲ့ ကျနော်တို့ ဒီကနေ သယ်သွားတဲ့ ပစ္စည်းတွေ တင်ပေးချင်တယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် အနုပညာရှင်တွေဟာ တပ်မတော်သားတွေနဲ့အတူ ရှိနေတဲ့အကြောင်း ပြသတဲ့အနေနဲ့ အနုပညာရှင်တွေ လက်မှတ်ရေးထိုးထားတဲ့စာကိုလည်း ပို့မှာဖြစ်တယ်လို့လည်း အကယ်ဒမီ ဝေဠုကျော် က ပြောပါတယ်။

“နောက်တခုကတော့ ကျနော်တို့ တပ်မတော်သားတွေနဲ့အတူ ကျနော်တို့ရှိနေတယ်ဆိုတာကို ကျနော်တို့ရဲ့ မိတ်ဆွေအနုပညာသမားတွေအားလုံး လက်မှတ်ထိုးထားတဲ့စာတွေ ကျနော်တို့ ပို့ချင်တယ်။” လို့ ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ လူမှုကွန်ရက်ဖေ့ဘွခ်စာမျက်နှာမှာတော့  စစ်ပွဲတွေအမြန်ပြီးဆုံးပြီး ဘေးအန္တရာယ်ကင်းရှင်းဖို့ တပ်မတော်သားတွေ အတွက် ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့စာ အပြင်၊ ရုပ်ရှင်သရုပ်ဆောင် ရဲအောင်၊ မေသန်းနု၊  ကျော်ကျော်ဗိုလ် စသူတို့ရဲ့ ပေးစာတွေကိုလည်းဖော်ပြထားပါတယ်။

လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မေသန်းနုက တပ်မတော်သားတွေကို အားပေးတဲ့အနေနဲ့ လက်မှတ်ရေးထိုးတာလို့ ဒီဗွီဘီကိုပြောပါတယ်။

“အဓိကကတော့ ကျန်ခဲ့တဲ့ မိသားစုနဲ့အတူထပ်တူ စိတ်မကောင်းလည်း ဖြစ်မိတယ်။ အရမ်းကို ကိုယ်ချင်းလည်း စာမိပါတယ်။ မိသားစုဆိုတော အသိုက်အမြုံ ပျက်သွားတာကိုး”လို့ အကယ်ဒမီ မေသန်းနုက ပြောပါတယ်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အစိုးရတပ်နဲ့ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ကြား ဖေဖော်ဝါရီလ ၉ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သား တွေဘက်ကရော ကိုးကန့်တပ်တွေဘက်ကပါ အများအပြား ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒီတိုက်ပွဲကြောင့်လည်း ဒေသခံတွေအပါအ၀င် အဲဒီဒေသကို သွားရောက်  အလုပ်လုပ်နေတဲ့ သူတွေပါ  ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

[gallery ids="81883,81887,81889,81884,81885,81886,81890,81888"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013