
အိန္ဒိယက အာရုံကြောခွဲစိတ်ဆရာဝန်ကြီးကို မြန်မာစစ်တပ်ရဲ့ ဆေးတက္ကသိုလ်က မေ ၂ ရက်မှာ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။
ချင်းနိုင်မြို့၊ Apollo ဆေးရုံက အာရုံကြောခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ အမ်မာလာမူရူဂန်ကို ရန်ကုန်မှာ ဘွဲ့ပေးတာဖြစ်ပြီး ဒါဟာ အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာလို့ သံရုံးက ဆိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်လို့ ပြီးခဲ့တဲ့ မတ် ၂၀ ရက်က အရေးပေါ်ခွဲစိတ်ကုသခဲ့ရချိန်မှာ အိန္ဒိယနိုင်ငံက ပါရဂူတွေလည်း ပါတယ်လို့ အဲဒီတုန်းက စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
နေပြည်တော်က အမှတ် ၂ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှာ အရေးပေါ်ခွဲစိတ်ကုသမှု ၂ နာရီကြာ ပြုလုပ်ခဲ့ရတာဖြစ်ပြီး ဆေးပညာအရတော့ အဲဒီလိုရောဂါဟာ လနဲ့ချီဖြစ်ပြီးနောက် ဆီးနဲ့ဝမ်း မထိန်းနိုင်တော့တဲ့ အခြေအနေမှာ အရေးပေါ်ခွဲစိတ်ကုသရတာ ဖြစ်ပါတယ်။










