DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတောင်းဆိုထားသည့် ပညာရေးဥပဒေကြမ်း ရေးဆွဲပြီးစီး
DVB
·
February 15, 2015
ကျောင်းသားတောင်းဆိုထားသည့် ပညာရေးဥပဒေကြမ်း ရေးဆွဲပြီးစီး
1 / 6
Donate to DVB

ကျောင်းသားတွေတောင်းဆိုချက်နဲ့ ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတရပ်ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အပြီးသတ် ရေးဆွဲနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရန်​ကုန်​မြို့မှာ ဖေဖော်ဝါရီ ၁၄ နဲ့ ၁၅ နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ အစိုးရ၊ကျောင်းသား၊နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီအာ)နဲ့ လွှတ်တော်တို့ ဆွေးနွေးပွဲအပြီးမှာ အခုလို ပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အန်အန်အီးအာကိုယ်စားလှယ် ဒေါက်တာသိန်းလွင်က “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ဒီနေ့အတည်ပြုနိုင်ပါတယ်။ သဘောထားကတော့ မနေ့ကထဲက အတည်ပြုပါတယ်၊အခုကတော့ လွှတ်တော်တင်မယ့် ဥပဒေပုံစံနဲ့ကိုက်အောင် ပြန်ပြင်တဲ့ကိစ္စ ဒီနေ့အဆင့်မြင့်ပညာဦးစီးဌာနမှာ လုပ်ကြတာ ပြီးသွားပါပြီ တင်ခဲ့ပြီ” လို့ ပြောပါတယ်။

ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက လွှတ်တော်တင်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

အခု လွှတ်တော်တင်မယ့် ဥပဒေကြမ်းဟာ ကျောင်းသားနဲ့ အန်အန်အီးအာတို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်ပြီး အစိုးရဘက်က ရေးဆွဲထားတဲ့ဥပဒေကြမ်းကိုတော့ အစိုးရကပဲ ပြန်လည်ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်လို့ ကျောင်းသားတွေတောင်းဆိုထားတဲ့အချက် ၁၁ ချက်ကို အစိုးရဘက်က ဖေဖော်ဝါရီ၁၁ရက်မှာ လိုက်လျောခဲ့ပြီးတဲ့နောက် အဲ့ဒီညှိနှိုင်းရရှိချက် ၁၁ ချက်အပေါ်အခြေခံပြီး လေးပွင့်ဆိုင်မှာပါဝင်တဲ့ အလုပ်အဖွဲ့တွေက အခု ပြင်ဆင်တဲ့ဥပဒေကြမ်းကို အချောသတ်ရေးဆွဲကြကာ ဥပဒေကြမ်းထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ကျောင်းသားတွေတောင်းဆိုချက်နဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတခု ပေါ်ထွက်လာတာကြောင့် ကျောင်းသားတွေဘက်က ပျော်ရွှင်တဲ့အနေနဲ့ ဆနပြတဲ့ပုံစံမျိုးမဟုတ်ဘဲ ရန်ကုန်ကို လာရောက်နေချင်ကြပြီး အစိုးရဘက်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားတယ်လို့ နှစ်ရက်တာစည်းဝေးပွဲတက်ခဲ့တဲ့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

လတ်တလောမှာတော့ ကျောင်းသားစစ်ကြောင်းတွေ ရန်ကုန်ကို ရောက်လာခြင်းမရှိသေးဘဲ အစိုးရဘက်ကတော့ ရန်ကုန်အ၀င်ဂိတ်တချို့မှာ လုံခြုံရေးပိုချထားပြီး စစ်ကြောင်းချီလာရင် တားဆီးပိတ်ဆို့ဖို့ ပြင်ဆင်ထားတာ တွေ့မြင်ရပါတယ်။

ဆွေးနွေးပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - DPNS)

[gallery ids="81800,81801,81802,81803,81804,81805"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013