
မန်ချက်စတာစီးတီးအသင်းရဲ့ ဂန္ထဝင်နည်းပြ ပက်ဂွါဒီယိုလာဟာ အက်စတွန်ဗီလာနဲ့ပွဲအပြီးမှာ စီးတီးနည်းပြဘဝကို မျက်ရည်များစွာနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။
ပွဲကစားချိန် ၅၉ မိနစ်မှာ အသင်းကနေ ထွက်ခွာတော့မဲ့ အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗား လူစားလဲခံရချိန်မှာ ၂ ယောက်သား ပွေ့ဖက်လှဲတကင်း ငိုကြွေးခဲ့ကြပြီးပွဲမှာ စီးတီးတို့ ရှုံးနိမ့်ခဲ့ပေမဲ့ ပရိသတ်တွေကတော့ ၁၀ စုနှစ်တခုစာ အောင်မြင်မှုတွေ ပေးခဲ့တဲ့ နည်းပြကြီးကို သောင်းသောင်းဖျဖျ ဂုဏ်ပြုခဲ့ကြပါတယ်။
ဂွါဒီယိုလာဟာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပါအဝင် ဆုဖလားများစွာ ရယူပေးခဲ့ပြီး ကလပ်သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဂွါဒီယိုလာက ဖလားတွေထက် အမှတ်တရတွေက ပိုအရေးကြီးကြောင်းနဲ့ စွမ်းအင်ကုန်ခမ်းသွားပြီဖြစ်လို့ ထွက်ခွာရတာဖြစ်ကြောင်း ပြောကြားခဲ့သလို အက်ဒီဟတ်ကွင်းရဲ့ ပွဲကြည့်စင်တခုကိုလည်း 'ပက်ဂွါဒီယိုလာ ပွဲကြည့်စင်' လို့ အမည်ပြောင်းလဲ ဂုဏ်ပြုခဲ့ပါတယ်။











