DVB Logo
Home
နိုင်ငံတကာ
ပီရူးရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဟု လက်ဝဲအုပ်စုသမ္မတလောင်း ဆန်းချက်ဇ် ပြော
DVB
·
June 24, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ပီရူးနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲ နောက်ဆုံးအဆင့် ရလဒ်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ လက်ဝဲအုပ်စု သမ္မတလောင်း ရောဘတ်တို ဆန်းချက်ဇ်က ဇွန် ၂၃ ရက်မှာ  ပြောကြားလိုက်ပါတယ်။

ပြိုင်ဘက်ဖြစ်သူ ကွန်ဆာဗေးတစ်အုပ်စုက ကေးအိကို ဖူဂျီမိုရီက မဲကွာဟမှုအနည်းငယ်နဲ့ အသာစီး ရနေချိန်မှာ သူက မဲမသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲလိုက်တာပါ။

ဒီအခြေအနေကြောင့် ပီရူးနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်း ကာလရှည်ကြာ ဖြစ်လာနိုင်ပါတယ်။

ဇွန် ၇ ရက်က လုပ်ခဲ့တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ မဲရလဒ် မပြတ်သားလို့ ပြန်စစ်နေတဲ့ မဲလက်မှတ်တွေကို ရွေးကောက်ပွဲအာဏာပိုင်တွေက သီတင်းပတ်နဲ့ချီ စစ်ဆေးနေတာဖြစ်ပြီး လက်ရှိမှာ ဖူဂျီမိုရီက ၅၀ ဒသမ ၁၁ ရာခိုင်နှုန်း၊ ဆန်းချက်ဇ်က ၄၉ ဒသမ ၈၉ ရာခိုင်နှုန်းနဲ့ အနိုင်ရဖို့ နီးစပ်နေတာပါ။

အင်္ဂါနေ့ မနက်ပိုင်းအထိ မဲအရေအတွက် ၉၉ ဒသမ ၇၂ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးထားပါတယ်။

"Together for Peru" ပါတီရဲ့ ခေါင်းဆောင်၊ လွှတ်တော်အမတ်နဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဆန်းချက်ဇ်က အမျိုးသားရွေးကောက်ပွဲဂျူရီ (JNE) အနေနဲ့ မဲပြန်ရေတွက်ရာမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ ဥပဒေအတိုင်း မလုပ်ဆောင်ရင် ဖူဂျီမိုရီရဲ့ အစိုးရကို အသိအမှတ်မပြုဘူးလို့ ဆိုပြီး မဲမသမာမှုတွေကို တားဆီးဖို့ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ပေးရေးအဆိုကို တင်သွင်းထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီကို ပြန်လည်ရယူဖို့ လူထုလှုပ်ရှားမှုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို လမ်းပေါ်ထွက်ဖို့ လှုံ့ဆော်ထားပြီး ဇွန် ၂၇ ရက်မှာလည်း နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြကြဖို့ တောင်းဆို ထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်ကို သုံးပြီး တိုက်ပွဲဝင်သွားမဲ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းတွေအထိပါ တက်လှမ်းပြီး အယူခံဝင်သွားဖို့ ရှိနေပါတယ်။

ဆန်းချက်ဇ်ရဲ့ "Together for Peru" ပါတီက အောက်လွှတ်တော် ၁၃၀ နေရာမှာ ၃၂ နေရာ၊ အထက်လွှတ်တော် ၆၀ နေရာမှာ ၁၄ နေရာ ရထားပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။

ဖူဂျီမိုရီရဲ့ ပါတီကတော့ အထက်လွှတ်တော် ၂၂ နေရာ၊ အောက်လွှတ်တော် ၄၁ နေရာနဲ့ လွှတ်တော်မှာ အင်အားအကြီးဆုံး ဖြစ်လာမှာပါ။

ကေးအိကို ဖူဂျီမိုရီဟာ ကွယ်လွန်သူ သမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီရဲ့ သမီးဖြစ်ပြီး သမ္မတနေရာအတွက် ၄ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

ကျေးလက်မဲတွေ ရေတွက်တုန်းက ဆန်းချက်ဇ်က ဦးဆောင်နေခဲ့ပေမဲ့ ပြည်ပရောက်မဲတွေကို စတင်ရေတွက်ချိန်မှာတော့ ဖူဂျီမိုရီက ကွာဟချက်ကို လိုက်မီသွားတာ ဖြစ်ပါတယ်။

ပီရူးနိုင်ငံရဲ့ ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့ (ONPE)၊ အမျိုးသားရွေးကောက်ပွဲ ဂျူရီအဖွဲ့ (JNE) နဲ့ ဖူဂျီမိုရီရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဘက်ကတော့ ဒီအပေါ် တစုံတရာ ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013