DVB Logo
Home
မြန်မာသတင်း
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်တင်ရန် သဘောတူ
DVB
·
February 15, 2015
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်တင်ရန် သဘောတူ
1 / 4
Donate to DVB

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနကနေတဆင့် လွှတ်တော်ကို တင်ပြဖို့ သဘော တူကြောင်း ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကနေ ထုတ်ပြန်ပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာရ်)က တင်သွင်းတဲ့ ပညာရေး ဥပေဒမှုကြမ်းကို လွှတ်တော်မှာ တင်သွင်းဖို့နဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အပြီးသတ်ရေးဆွဲသွားဖို့လည်း သဘောတူညီခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းမှာ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားတွေနဲ့ အန်အန်အီးအာရ်တို့ ဆွေးနွေးခဲ့ပြီး အခုလို ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းခန်းမမှာ ကျင်းပခဲ့တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ အစိုးရက ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက်ကို မူအရသဘောတူညီခဲ့ပါတယ်။

တဖက်မှာလည်း ကျောင်းသားသပိတ်တွေ ရန်ကုန်ကို ၀င်မလာရေးအတွက် သတင်းထုတ်ပြန်တာနဲ့ ပက်သက်ပြီး ကျောင်းသားတွေနဲ့ ညှိနှိုင်းခဲ့ပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။

ကျောင်းသား သပိတ်စစ်ကြောင်းတွေကတော့ ရန်ကုန်ကို အရောက်ချီတက်မယ်လို့ ပြောဆိုထားပါတယ်။ အစိုးရကလည်း သပိတ်စစ်ကြောင်းတွေကို တားဆီးဖို့ ရန်ကုန်တိုင်းဒေသကြီး အ၀င်မှာ လုံခြုံရေး တိုးမြှင့်ချထားးတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒီဗွီဘီသတင်းဌာနရဲ့စုံစမ်းထားချက်အရ  ပင်မကျောင်းသား သပိတ်စစ်ကြောင်းနဲ့ နီးကပ်နေတဲ့နေရာဖြစ်တဲ့ သာယာဝတီမြို့က ဆရာစံခန်းမမှာ  ရဲအင်အား တွေ ချထားပီး  ရေအမြောက်တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက  ပြောပြပါတယ်။

သုံးဆယ်နဲ့ ဥက္ကံမြို့ ကြားက  ရန်ကုန်နဲ့ ပဲခူးက နယ်နမိတ်သတ်မှတ်ချက်ဖြစ်တဲ့  မီးနင်းချောင်းနား လည်း ရဲတပ်ဖွဲ့ က လုံခြုံရေးအင်အား တွေ ချထားပါတယ်။

ကျောင်းသားတွေရဲ့ ပင်မ သပိတ်စစ်ကြောင်းဟာ ကြို့ပင်ကောက်၊ မြေလတ်နဲ့ မော်လမြိုင် ထားဝယ်စစ်ကြောင်းက ပဲခူး၊ ဧရာဝတီစစ်ကြောင်းက မအူပင်ကို ရောက်ရှိနေပြီး ရန်ကုန်ကို ဆက်လက် ချီတက်မှာ ဖြစ်ပါတယ်။

[gallery ids="81658,81659,81660,81661"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013