
ပြင်သစ်မြို့တော် ပါရီမြို့မှာ လူနေမှုအဆင့်အတန်းနဲ့ ပတ်သက်ပြီး အများအားဖြင့် ငြိမ်းချမ်းတဲ့ ချီတက်ဆန္ဒပြမှုရဲ့အဆုံး အောက်တိုဘာ ၂၄ ရက်မှာ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြင်သစ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ပစ်လွှတ်ခဲ့ပြီး ဆန္ဒပြသူတွေကလည်း ရဲတွေနားကို မီးရှူးမီးပန်းတွေနဲ့ ပစ်ခဲ့ကြလို့ လမ်းတွေတလျှောက် မီးခိုးတွေ ပျံ့နှံ့သွားပါတယ်။
စနေနေ့မှာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ မာဆေးမြို့မှာ တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက အမှိုက်ပုံးတွေကို မီးရှို့ပြီး အတားအဆီးတွေ တည်ဆောက်ဖို့ အရံအတားတွေကို သယ်ခဲ့ပေမဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ဝင်တိုက်ခိုက်ပြီး အဲဒီအဖွဲ့ကို အဲဒီနေရာကနေ ဖယ်ရှားခဲ့ပါတယ်။
နေထိုင်မှုကုန်ကျစရိတ် မြင့်တက်လာတာနဲ့ မညီမျှမှု မြင့်တက်လာတို့ကို ဆန့်ကျင်တဲ့ ပြည်လုံးကျွတ် ဆန္ဒပြမှုတွေအတွင်း ပြင်သစ်နိုင်ငံ လီယွန်မြို့မှာလည်း စနေနေ့က ဆန္ဒပြသူတွေကို ရဲတွေက လူစုခွဲခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ စနေနေ့မှာ လုပ်ဖို့စီစဉ်ထားတဲ့ အကြီးစား ဆန္ဒပြပွဲတွေမှာ ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း အယောက် ၇၀,၀၀၀ ကို တာဝန်ချထားမယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး လူဟုန်နူညက်ဇ်က သောကြာနေ့မှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် သံချပ်ကာယာဉ် အစီး ၂၀ ခန့်နဲ့ ရေအမြောက်တပ်ထားတဲ့ ယာဉ် ၁၅ စီးကိုလည်း တာဝန် ချထားခဲ့ ပါတယ်။
အမြန်ရွေ့လျား နိုင်စွမ်းနဲ့ တားဆီးကာကွယ်နိုင်စွမ်းတို့ကို ပေါင်းစပ်ပေးမှာဖြစ်ပြီး ပစ္စည်းလုယက်တာတွေ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေ ဖျက်ဆီးခံရတာတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ် တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ ရည်ရွယ် ထားတယ်လို့ နူညက်စ်က ပြော ပါတယ်။
စစ်ဘက်ဆိုင်ရာ လုံခြုံရေးစစ်ဆင်ရေးက တပ်ဖွဲ့ဝင်တွေကပါ ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေကို ကူညီအားဖြည့်ပေးမဲ့ တည်နေရာအခြေပြု လုံခြုံရေးတပ်ဖွဲ့တွေ အဖြစ် ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။











