DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲ တစညပါတီ ၁၃၅ မြို့နယ်တွင် ယှဉ်ပြိုင်မည်
DVB
·
February 14, 2015
၂၀၁၅ ရွေးကောက်ပွဲ တစညပါတီ ၁၃၅ မြို့နယ်တွင် ယှဉ်ပြိုင်မည်
Donate to DVB

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ မြို့နယ်ပေါင်း ၁၃၅ မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ဒီနှစ် ကျင်းပမယ်လို့ ကြေညာထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအနေနဲ့  ပထအဆင့် တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာရှိတဲ့ မြို့နယ်ပေါင်း ၃၀၅ မြို့နယ်မှာ ပါတီထူထောင်ထားနိုင်ပြီး၊ အဲဒီအထဲက  မြို့နယ် ၁၃၅ မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့  လုပ်ဆောင်နေတယ်လို့ တစညပါတီက ပြောပါတယ်။

အဲဒီ မြို့နယ်ပေါင်း ၁၃၅ မြို့နယ်မှာရှိတဲ့ ပါတီဝင်တွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ပြီး၊  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးပြည်နယ်လွှတ်တော် တွေ အကုန်လုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ တစညပါတီ ဗဟိုကော်မတီဝင် ဦးဟန်ရွှေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“တိုင်းနဲ့ပြည်နယ်တွေမှာ အားလုံးသိတဲ့အတိုင်း တမြို့နယ်ကို ၂ ယောက်ပဲရတယ်။ မဲဆန္ဒနယ်မြေ ၁၊ ၂ ရှိပါတယ်။ ကျနော်တို့ အခြေအနေပေးတဲ့အပိုင်းမှာ ၀င်ပြိုင်မယ်။”

ဒီလိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တစညပါတီအနေနဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့တွေကစပြီး ရပ်ကျေးအဆင့်ထိ အောင်နိုင်ရေးအဖွဲ့တွေလည်း ဖွဲ့စည်းထားပြီးပြီလို့ ဆိုပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီရဲ့ ငွေကြေးအခြေအနေနဲ့ပတ်သက်ပြီး ဦးဟန်ရွှေက “ဘယ်နိုင်ငံခြား ကျောထောက်နောက်ခံကနေပြီးတော့မှ ထောက်ပံ့မှုမရှိဘူး။ နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့လည်း ဘာမှမရှိဘူး။ ကျနော်တို့ ပါတီဟာ စပါတီဖွဲ့ကတည်းက နှစ်စဉ် ငွေကြေးဆိုင်ရာ အကောင့်တွေကိုလည်း စစ်ဆေးတယ်။ ငွေကြေးစစ်ဆေးတဲ့အဖွဲ့တခုကို ငှားပြီး နှစ်စဉ် ငွေကြေး စိစစ်တယ်။ အချိန်မရွေး ကော်မရှင်ကနေပြီး စစ်နိုင်တဲ့အခြေအနေမျိုးဖြစ်အောင် လုပ်ထားပါတယ်” လို့ ပြောပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအနေနဲ့ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဗဟိုကရွေးချယ်ပေမယ့်လည်း အဲဒီဒေသမှာနေထိုင်တဲ့ လူမျိုး အနည်းအများပေါ် ကြည့်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

တစညပါတီကို  ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ ဒီပါတီဟာ ၁၉၉၀ ပြည့်  ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်ခဲ့ပြီး အမတ်နေရာ ၁၀ နေရာအနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ အမတ်နေရာ ၆၄ နေရာ အနိုင်ရထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013