DVB Logo
Home
Lead Story
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲ (ဓာတ်ပုံ)
DVB
·
February 14, 2015
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲ (ဓာတ်ပုံ)
1 / 5
Donate to DVB

အမျိုးသားပညာ​ရေးဥပ​ဒေပြင်ဆင်​ရေးနဲ့ ပတ်သက်ပြီး ဒီက​နေ့​ဆွေး​နွေးပွဲမှာ အန်အန်အီးအာဘက်က ပြင်ဆင်​ဖြည့်စွက်ထားတာ​တွေကို တင်ပြသွားမှာဖြစ်ပြီး အဲ့ဒီတင်ပြချက်​တွေကို အစိုးရဘက်နဲ့ ​ကျောင်းသား​တွေဘက် အပြန်အလှန်​ဆွေး​နွေးကြမယ်လို့ ဆွေးနွေးပွဲ သဘာပတိ ​ဒေါက်တာ​အောင်ထွန်းသက်က ဆိုပါတယ်။

ဒီက​နေ့မနက်ပိုင်း​ဆွေး​နွေးပွဲကို အစိုးရ၊  နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက်( အန်အန်အီးအာ) နဲ့ ​ကျောင်းသား သုံးပွင့်ဆိုင်​ဆွေး​နွေးကြမှာဖြစ်ပြီး ရရှိလာတဲ့ မူကြမ်းကို လွှတ်​တော်ကိုယ်စားလှယ်​တွေကို တင်ပြရမှာဖြစ်တဲ့အတွက် ​နေ့လည်ပိုင်းမှသာ လွှတ်​တော်ကိုယ်စားလှယ်​တွေအပါအဝင် ​လေးပွင့်ဆိုင်​ဆွေး​နွေးကြမယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းခန်းမမှာ ကျင်းပခဲ့တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ အစိုးရက ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက်ကို မူအရသဘောတူညီခဲ့ပါတယ်။

ပညာရေးနဲ့ ပတ်သက်တဲ့ ဥပဒေရေးဆွဲရာမှာ ကျောင်းသူကျောင်းသား ဆရာဆရာမတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ရေး၊ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်နဲ့ တရားဝင် အသိအမှတ်ပြုရေး၊ ဒေသကျောင်းအလိုက် လွတ်လပ် စီမံခန့်ခွဲနိုင်တဲ့ ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရေး၊ လက်ရှိ စားမေးပွဲစနစ် ပြင်ဆင်ရေး၊ ကျောင်းသားတွေ လွတ်လပ်တွေးခေါ်နိုင်ပြီး ကိုယ်တိုင် လေ့လာ သင်ယူနိုင်မယ့် သင်ကြားစနစ်ကို ပြောင်းလဲရေး၊ တိုင်းရင်းသားမျိုးနွယ်စုရဲ့ ဘာသာစကားလွတ်လပ်ခွင့်နဲ့ မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို ဥပဒေမှာ ထည့်သွင်းပြဌာန်းရေး၊ မသန်စွမ်းကလေးတွေ အပါအ၀င် ကလေး အားလုံးအတွက် လူတိုင်း အကျုံးဝင် ပညာရေးကိစ္စ၊ ပညာရေးအသုံးစရိတ်ကို တနိုင်ငံလုံး အသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်း သတ်မှတ်ရေး၊ အခမဲ့ပညာရေးစနစ်ကို မူလတန်းသာမက အလယ်တန်းအဆင့်ထိ တိုးမြှင့်ပေးရေး ကိစ္စတွေကို သဘောတူညီခဲ့တာပါ။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း

[gallery ids="81568,81569,81570,81571,81572"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013