DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ် ပင်မစစ်ကြောင်း ရန်ကုန်အထိ ဆက်ချီတက်ဆန္ဒပြမည်
DVB
·
February 13, 2015
ကျောင်းသားသပိတ် ပင်မစစ်ကြောင်း ရန်ကုန်အထိ ဆက်ချီတက်ဆန္ဒပြမည်
1 / 5
Donate to DVB

ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေအပါ် သဘောတူညီမှုတွေရထားပေမယ့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင် ချီတက်နေတဲ့ ဒီမိုကရေ စီပညာရေး သပိတ်စစ်ကြောင်းကို မရပ်နားဘဲ ရန်ကုန်အထိ ဆက်လက်ချီတက်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့  ဥပဒေမူကြမ်းကို လွှတ်တော်ဆီ တင်သွင်း အတည်ပြုတဲ့အထိ သပိတ်ကို ရပ်နားထားမှာမဟုတ်ဘဲ စောင့်ကြည့်ချီတက်မယ်လို့ ဗကသအဖွဲ့ချုပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

11271_991512580878078_8513413450192524030_n“ကျနော်တို့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပြောင်းလဲပေးပါဆိုပြီး ၁၁ ချက်တောင်းဆိုထား တယ်။ လက်ရှိမှာ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဒါမူအရပဲ သဘောတူသေးတယ်။ ဒါက ကတိက၀တ်အ ဆင့်ပဲရှိသေးတာ။ နောက်တဆင့်အနေနဲ့က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေဆိုပြီး အဲဒီ ၁၁ ချက်ကို မူကြမ်းရေးရပါမယ်။ အဲဒီမူကြမ်းပြီးရင် လွှတ်တော်ကို တင်ရပါမယ်။ လွှတ်တော်က အတည်ပြုချက်ရမှသာ သမ္မတလက်မှတ်ထိုးပြီးတဲ့နောက် ဒီအမျိုးသား ပညာရေးဥပဒေမှာ ဒီ ၁၁ ချက် အသက်ဝင်မှာဖြစ်ပါတယ်။ အဲတော့ အခုက ပါစပ်းက လုပ်ပေးမယ်လို့ ပြောသေးတာ လက်တွေ့အဆင့်ကို မရောက်သေးဘူး။ ကျနော်တို့က အဲလောက်အဆင့်နဲ့ ကျေနပ်လို့မဖြစ်ဘူး။ လက်တွေ့အဆင့်ကိုရောက်မှသာ ကျောင်းသားနဲ့ပြည်သူ အခြေခံထားပြီးတော့ အသက်ဝင်လာတဲ့နေ့မှာသာ အမျိုးသားပညာရေးဥပဒေရဲ့ အသီးအပွင့်ကို ခံစားရမှာဖြစ်တယ်။ ဒီအချက် ၁၁ ချက်  လွှတ်တော်က အတည်ပြုပြီးတော့ ဥပဒေအဆင့်ရောက်တဲ့အထိ ကျနော်တို့က ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်လို့ပါ။ ”

ဒါ့အပြင် လွှတ်တော် အဆုံးအဖြတ်အရ ကျေနပ်စရာ ရလဒ်တွေ မရရှိပါက ရန်ကုန်အထိ သပိတ်မှောက် ဆက်လက် ချီတက်မှာဖြစ်သလို ကျေနပ်စရာ ရလဒ်တွေ ရရှိခဲ့ရင်လည်း ရန်ကုန်ကို အောင်မြင်မှု အထိမ်းအမှတ်အသွင်နဲ့ ဆက်လက်ချီတက်မယ်လို့ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစိုးရနဲ့ ဆွေးနွေးထားခဲ့တဲ့အတိုင်း သပိတ်မှောက် ကျောင်းသားတွေကို အရေးမယူဘူး ဆိုတဲ့ ကတိကဝတ်အတိုင်း ညီညွှတ်စေဖို့၊ သပိတ်မှောက် ကျောင်းသားတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဆက်လက် ဖိအားပေးတာတွေ မပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ရန်ကုန်ထိ ဆက်လက်ချီတက်ရာမှာ  ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူထုတ်ပြန် ခဲ့တဲ့အတိုင်း နှစ်ဦးနှစ်ဖက် စိုးရိမ်စရာမရှိအောင် ထိန်းသိမ်းချီတက်သွားမယ်လို့လည်း ကိုရဲရင့်ကျော်က ပြောပါတယ်။

ဒီကနေ့ မွန်ပြည်နယ် ကျိုက်ထိုမြို့ကနေ ထွက်မယ့် ထားဝယ်-မော်လမြိုင် နဲ့ မြေလပ်ကျောင်းသား ပူးပေါင်းစစ်ကြောင်းကို ဒေသခံ အရပ်ဝတ်တွေက တားမြစ်ခဲ့တယ်လို့ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဝေမိုးနိုင်က ပြောပါတယ်။

“ကျနော်တို့ကို ကျိုက်ထိုမြို့ကအထွက်မှာ ဒီနေ့ကို ၃ ခါတားတယ်ဗျာ။ ကျိုက်ထိုက ကျနော်တို့ ဘုန်ကြီးကျောင်းကအထွက်မှာ ကျနော်တို့ကို တခါတားတယ်။ နောက်စစ်တောင်းတံတားအ၀င်မှာ တခါတားတယ်။ စစ်တောင်းတံတားအထွက်မှာ တခါတားတယ်။ ဆူပူလှုပ်ရှားမှုမဖြစ်အောင်တားတယ်ပေါ့။ အရပ်ဝတ်တွေကို သူတို့ ပိုက်ဆံပေးခေါ်ပြီးတော့ ကျနော်တို့ကို ထားခိုင်းတယ်။ ဒါပေမယ့် အတားဆီးတွေအားလုံးကို ကျနော်တို့ သပိတ်တပ်က ကျော်ဖြတ်နိုင်ခဲ့တယ်။”

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်လွှတ်တော်မှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ သပိတ်မှောက် ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက်ထဲက ၄ ချက်ကို အစိုးရက သဘောတူပြီး  ၇ ချက်ကို မူအားဖြင့် သဘောတူထားပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ နှစ်ဖက်အလုပ်အဖွဲ့တွေက နည်းပညာဆိုင်ရာ ကိစ္စတွေကို ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။

ထားဝယ်-မော်လမြိုင် သပိတ်စစ်ကြောင်း တားဆီးခံရစဉ်

[gallery ids="81492,81493,81494,81495"]

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013