DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကလေးများနေ့ ပထမဆုံးအကြိမ် တရားဝင်ပြန်ကျင်းပ
DVB
·
February 13, 2015
မြန်မာနိုင်ငံကလေးများနေ့ ပထမဆုံးအကြိမ် တရားဝင်ပြန်ကျင်းပ
Donate to DVB

ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အထိမ်းအမှတ်ပွဲတွေကို မြန်မာနိုင်ငံတ၀န်းမှာ ပထမဆုံးအကြိမ်တရားဝင်ပြန်လည်ကျင်းပပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ကစားကွင်းမှာတော့    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး  ကလေးငယ်တွေကို ဖိတ်ခေါ်ကျင်းပပြီး  ကလေးတွေကို ဗိုလ်ချုပ်မိန့်ခွန်၊ ကဗျာနဲ့ ပန်ချီးတွေကို ၀င်ရောက်ယှဉ်ပြိုင်စေကာ ဆုတွေချီးမြှင့်ခဲ့ပါတယ်။

ပန်းချီပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ပြီး ပထမဆု ရရှိခဲ့တဲ့ အသက် ၁၂ အရွာ မောင်အောင်ဆန်းလေးက “သားက ပန်းချီကို ၀င်ပြိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းထိုင်နေတဲ့ ပုံရေးဆွဲထားပါတယ်။ ပထမဆုရတယ်။ အရမ်းကို ၀မ်းသာပါတယ်။ ပြိုင်ပွဲကို ၀င်ခိုင်းလို့ ဆရာကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံကို လွတ်လပ်ရေး ရအောင် ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ခေါင်းဆောင်လို့သိတယ်။” လို့ ပြောပါတယ်။

အလားတူ ပန်းချီပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တဲ့ မစန္ဒ၀င်းက “ဗိုလ်ချုပ်အောင်ဆန်းဟာ ရဲရင့်တယ်၊ တည်ကြည်တယ်၊ သတ္တိရှိတယ်။ နိုင်ငံကိုလွတ်လပ်ရေးရအောင်လုပ်ခဲ့တဲ့ လွတ်လပ်ရေးခေါင်း ဆောင်ကြီးလို့ သိတယ်”လို့ ပြောပါတယ်။

ဗိုလ်ချုပ်မိန့်ခွန်းဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် မောင်ဖြိုးငွေစိုးက “သားဒီနေ့ ဗိုလ်ချုပ်မိန့်ခွန့်ဝင်ပြိုင်လို့ နှစ်သိမ့်ဆုရတယ်။ သားဝင်ပြိုင်ရလို့ သားပျော်တယ်”  လို့ ပြောပါတယ်။

ကလေးများနေ့အခမ်းအနားမှာ နတ်မောက်ဗိုလ်က်ချုပ်နှစ် ၁၀၀ ပြည့်ပွဲ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကလေးများနေ့အတွက် အသံဖိုင် ပေးပို့ မိန့်ခွန်းပြောကြားခဲ့သလို အဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း  မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်ကို မြန်မာကလေးများနေ့အဖြစ် အရင်က သတ်မှတ်ကျင်းပလေ့ရှိပေမယ့် စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ ကျော်ကြာ မကျင်းပဲရှိရာက ဒီနှစ်မှာတော့ ကလေးများနေ့အဖြစ် အစိုးရက တရားဝင် သတ်မှတ်ပြီး တနိုင်ငံလုံးမှာရှိတဲ့ မြို့တိုင်းမှာ အထိမ်းအမှတ်အခမ်းအနားတွေကို စည်စည်ကားကားပြန်လည်ကျင်းပဖို့  နှိုးဆော်ထား တာဖြစ်ပါတယ်။

[gallery ids="81363,81362,81361,81360"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013