DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သပိတ်မှောက်ကျောင်းသားများဆွေးနွေး
DVB
·
February 12, 2015
ဒေါ်အောင်ဆန်းစုကြည်နှင့် သပိတ်မှောက်ကျောင်းသားများဆွေးနွေး
1 / 5
Donate to DVB

သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံပြီး  အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း လွှတ်တော်ထံတင်ပြတဲ့အခါ အလေးအ နက်ထားဆွေးနွေးပေးဖို့ ဆွေးနွေးကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် နေအိမ်မှာ ဒီနေ့မနက် ၂ နာရီကျော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်ဝင်းခန်းမ အဆောက်အဦမှာ ကျင်းပခဲ့တဲ့ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲမှု ကွန်ရက် (အန်အန်အီးအာ) တို့ရဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က တောင်းဆိုချက် ၁၁ ချက်ကို ညှိနှိုင်းဆွေးနွေးသဘောတူညီခဲ့ကြပြီးနောက် ကျောင်းသားတွေက  ဒေါ်အောင်ဆန်းစုကြည်နဲ့  သွားရောက် ဆွေးနွေးကြတာပါ။

တွေ့ဆုံပွဲတက်ခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် သမဂ္ဂကျောင်းသား ကိုဇေယျာလွင်က “အဓိကကတော့ ကျနော်တို့ လေးပွင့်ဆိုင်က တက်လာတဲ့ ၁၁ချက်အပေါ်မှာ အလေးအနက်ထား ဆွေးနွေးပေးပါမယ်ဆိုတဲ့ဟာမျိုးတွေ အန်တီနဲ့ ဆွေးနွေးဖြစ်တယ်။ အန်တီ့အနေနဲ့ ကျောင်းသားသပိတ်လှုပ်ရှားမှုတွေအပေါ် ဘာပဲဖြစ်ဖြစ် အပြုသဘောဆောင်တယ်လို့ ကျနော်တို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားသပိတ်လှုပ်ရှားမှုတွေ ဘာကြောင့်လုပ်နေတာလဲ၊ ကျောင်းသားနဲ့ အစိုးရတို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဘာတွေ ဘယ်လို ဆွေးနွေးခဲ့ကြသလဲ၊ ကျောင်း သားတွေ လိုချင်တာ ဘာလဲလို့ မေးမြန်းခဲ့ပြီး ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေပြင်ချင်လို့ လုပ်ဆောင်နေပုံတွေ ပြောပြခဲ့တယ်လို့လည်း ကိုဇေယျာလွင်က ပြောပါတယ်။

ကျောင်းသားသပိတ်တွေရပ်ဖို့ အစိုးရနဲ့ ကျောင်းသားတွေအကြား ကတိက၀တ် ဘယ်လိုလုပ်ထားကြလဲလို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တယ်လို့ သူက ပြောပါတယ်။

ကိုဇေယျာလွင်က “ကျနော်တို့အနေနဲ့ သပိတ်တွေနဲ့ ပတ်သက်လို့ သဘောတူညီမှု (အစိုးရနဲ့) ဘာမှ မပေးထားသေးဘူး၊ အစိုးရနဲ့ သဘောတူညီမှု မရှိသေးဘူး၊ ဒါပေမယ့် ၁၄ရက်နေ့ကျရင်တော့ ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ဆုံမှုတွေကို ကျောင်းသားထုကို ပြန်လည်တင်ပြပြီးတော့ ဆက်လက် ဆွေးနွေးမယ်၊ အဲ့ဒီတော့ သပိတ်နဲ့ပတ်သက်ပြီး ၁၄ ရက် နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ထွက်လာ နိုင်တယ်ပေါ့” လို့ ဖြေကြားခဲ့ကြပါတယ်။

ကျောင်းသားတွေ ဆုံးဖြတ်လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အမှားအမှန် မဝေဖန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အန်အန်အီးအာကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကို ပါတီ တာဝန်က ရပ်စဲရတဲ့အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ရှင်းပြခဲ့ပါတယ်။

ဒေါက်တာသိန်းလွင်ကို ပါတီတာဝန်ကရပ်စဲလိုက်တာနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ကျောင်းသားသပိတ်ကို မထောက်ခံဘူးဆိုတဲ့ အမြင်နဲ့ ဝေဖန်ချက် အမျိုးမျိုးထွက်ပေါ်နေချိန်မှာ  ဆွေးနွေးပွဲ အတွင်း ထည့်သွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - အန်အယ်လ်ဒီ

[gallery ids="81229,81230,81231,81232,81233"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013