DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း ယာယီသက်သေခံလက်မှတ်ကိုင်သူ ၆ သိန်းခွဲသာရှိဟုဆို
DVB
·
February 12, 2015
နိုင်ငံတ၀န်း ယာယီသက်သေခံလက်မှတ်ကိုင်သူ ၆ သိန်းခွဲသာရှိဟုဆို
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ၀ှိုက်ကတ်ကိုင်ထားသူပေါင်း ၁ သန်းခွဲ မရှိဘဲ ၆ သိန်းခွဲလောက်ပဲ ရှိတယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက ပြောကြောင်း မြေပုံအမတ် ဦးဖေသန်းက ပြောပါတယ်။

သမ္မတရုံး ညွှန်ကြားချက်နဲ့ လ၀က တာဝန်ရှိသူတဦးက ဦးဖေသန်းတို့ကို လာရောက်ရှင်းလင်းပြောပြချက်အရ တနိုင်ငံလုံးမှာ ၀ှိုက်ကတ်ကိုင်ဆောင်ထားသူပေါင်း ၆ သိန်းလောက်ပဲ ရှိတယ်လို့ သိရကြောင်း ပြောပါတယ်။

ဒီထဲ ဘင်္ဂါလီက ၅ သိန်းနီးနီး၊ ၀ လူမျိုးက ၅ သောင်းနီးပါး၊ အိန္ဒိယနွယ်က ၉၀၀၀ ကျော်၊ ပါစ္စတန်က ၄၀၀ ကျော်၊ လီဆူးက ၉၀၀ ကျော်၊ မီလာလူမျိုးက ၄၀၀၀ ကျော်၊ နီပေါအနွယ်က ၂၀၀ ကျော်၊ အမိုဝီး ၂၀၀၀ ကျော်၊ တရုတ်က ၁၀၀၀၀ ကျော်တို့ ၀ှိုက်ကတ်ကိုင်ထားတယ်လို့ ဆိုပါတယ်။ ဒီထဲ အရင် မကြားဖူးတဲ့ ပါစတန်၊ အမိုဝီး၊ မီလာ စတဲ့ လူမျိုးတွေလည်း ပါဝင်နေပါတယ်။

[caption id="attachment_81213" align="aligncenter" width="563"]မနေ့က ဆန္ဒထုတ်ဖော်နေကြစဉ် မနေ့က ဆန္ဒထုတ်ဖော်နေကြစဉ်[/caption]

အရင်စာရင်းတွေအရ ရခိုင်ပြည်နယ်တခုတည်းမှာတင် ၀ှိုက်ကတ်ကိုင်ထားသူပေါင်း ၆သိန်းကျော် ရှိတာမို့ ဒီစာရင်း မှန် မမှန်တော့ မပြောတတ်ဘူးလို့လဲ ဦးဖေသန်းက ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ၆ သိန်းနဲ့ ၇ သောင်းကျော်ရှိတယ်ဆိုတာနဲ့တော့ ကွာနေတာပေါ့။ ဒါပေမယ့် ဒါက ၀န်ကြီးဌာနကလာတဲ့စာရင်းဆိုတော့ နောက်ဆုံး သူတို့ရဲ့အာမခံချက်ပေါ့နော်၊ပြောဆိုချက် ဖြစ်ပါတယ်၊တကယ်တမ်း မှန် မမှန်တော့ မပြောတတ်ဘူး၊သူတို့ တိတိကျကျစစ်ဆေးတဲ့အခါတော့ ပေါ်လာပါလိမ့်မယ်။ အဲ့ဒီတော့ ကျနော်တို့ကတော့ ဒါကိုပဲကိုင်ပြီး စောင့်ကြည့်ရမှာပေါ့။”

ဖေဖော်ဝါရီ ၁၁ ရက်  ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့ အမိန့်အရတော့ လက်ရှိ ၀ှိုက်ကတ်ကိုင်ဆောင်ထားသူတွေဟာ မေလ ၃၁ ရက်နောက်ဆုံးထားပြီး ကတ်တွေ ပြန်အပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး နိုင်ငံသားကတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

မြေပုံအမတ် ဦးဖေသန်းကတော့ သက်ဆိုင်ရာဝန်ကြီးဌာနက သူတို့အလုပ်သူတို့ မလုပ်နိုင်လို့ ယာယီသက်သေခံလက်မှတ်သက်တမ်း ကြာခဲ့တာလို့ ပြောပါတယ်။

“ဒီကတ်တွေ ထုတ်ပေးထားတာက ၁၉၈၂ နိုင်ငံသားဥပဒေထွက်ပြီးမှ ထုတ်ပေးထားတာ ၁၉၉၅ လောက်က ထုတ်ပေးထားတာဆိုတော့ နှစ်ပေါင်း ၂၀ လောက် ရှိသွားပါပြီ။ ယာယီသက်သေခံလက်မှတ်ဆိုပြီး ဒီလောက် အချိန်အကြာကြီးဆွဲထားတာဟာ လ၀က ၀န်ကြီးဌာနဟာ သူတို့ အလုပ် သူတို့မလုပ်နိုင်ဘူးဆိုတာ ပြလိုက်တာပါပဲ။”

လတ်တလော ရခိုင်ပြည်နယ်ထဲ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရာမှာ ဘဂါင်္လီတွေက လူမျိုးနေရာမှာ ရိုဟင်ဂျာလို့ ထည့်သွင်းခွင့် မပေးတဲ့အတွက် လာရောက်လုပ်ဆောင်ခြင်း မရှိပါဘူး။ အခု ၀ှိုက်ကတ်တွေ ပြန်သိမ်းပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ စတင်တဲ့အခါ အခုလိုပဲ ငြင်းဆန်နေဦးမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ရမယ်လို့ ရခိုင်အမျိုးသားပါတီက မှတ်ချက်ပြုထားပါတယ်။

နိုင်ငံတ၀န်း ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူ ၁ သန်းခွဲလောက် ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ အရင်က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013