DVB Logo
Home
မြန်မာသတင်း
သက်တမ်းကုန် ယာယီသက်သေခံလက်မှတ် ပြန်အပ်ရန် ကြေညာ
DVB
·
February 12, 2015
သက်တမ်းကုန် ယာယီသက်သေခံလက်မှတ် ပြန်အပ်ရန် ကြေညာ
1 / 8
Donate to DVB

ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) သက်တမ်းကို မတ်လ ၃၁ ရက်နေ့ သတ်မှတ်လိုက်ပြီး  သက်တမ်းကုန်ဆုံးတဲ့ လက်မှတ်တွေ အပ်နှံဖို့ သမ္မတက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်စဉ် မိုးပွင့်အထူးစီမံချက်နဲ့ အရှိန်မြှင့် ဆောင်ရွက်နေတာကြောင့် ယာယီသက်သေခံလက်မှတ်တွေ သက်တမ်းကုန်ဆုံးတဲ့နေ့ရက်ကို ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ သတ်မှတ်လိုက်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ၀ှိုက်ကတ်နဲ့ပတ်သက်ပြီး သမ္မတက အခုလို အမိန့်ထုတ် ရုပ်သိမ်းလိုက်တဲ့အတွက် ဒီအမိန့်ဟာ ဖွဲ့စည်းပုံခုံရုံးကိုလည်း သက်ရောက်မှု ရှိသွားစေနိုင်တယ်လို့ သုံးသပ်ပြောပါတယ်။

“အခု သမ္မတကြီးက ဥပဒေအရ သူ့လုပ်ပိုင်ခွင့်နဲ့ ဖြတ်လိုက်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုလည်း တင်ထားတယ်၊ အဲ့တော့ သမ္မတရဲ့ ညွှန်ကြားချက်ဟာ ဖွဲ့စည်းပုံခုံရုံးအပေါ်သွားပြီး သြဇာသက်ရောက်မယ်၊ အထောက်အကူဖြစ်မယ်၊ ဖွဲ့စည်းပုံခုံရုံးကလည်း ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုပြီးတော့ ပယ်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲဆိုင်ရာ အဆင့်ဆင့်သော ဥပဒေတွေမှာလည်း ပယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီတော့ ကျနော်တို့ နားလည်တာကတော့ ၀ှိုက်ကတ်ကိုင်ထားသူတွေဟာ ၀ှိုက်ကတ် လက်ဝယ် မရှိတော့တဲ့အတွက် မဲပေးခွင့် မရတော့ဘူးလို့ပဲ နားလည်ပါတယ်။”

ဒါ့အပြင် ယာယီသက်သေခံ လက်မှတ်နဲ့ စပ်လျဉ်းပြီး ရဟန်းရှင်လူ ပြည်သူအပေါင်းက ဝေဖန်သုံးသပ်မှုတွေ ရှိနေတဲ့အတွက် ယာယီသက်သေခံလက်မှတ်နဲ့ စပ်လျဉ်းတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆက်စပ်ကိစ္စရပ်တွေကို လေ့လာသုံးသပ် အကြံပြုရေး ကော်မရှင် ဖွဲ့စည်းသွားမှာ ဖြစ်ပြီး အဲဒီကော်မရှင်မှာ ပညာရှင်တွေ၊ ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းတာဝန်ပေးအပ်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံသားစိစစ်ဆဲ ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ မနေ့က သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်အမျိုးသားပါတီနဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေကလည်း ယာယီသက်သေခံလက်မှတ် ကိုင်ထားသူတွေ မဲပေးခွင့်မရဖို့ နည်းလမ်းပေါင်းစုံသုံးပြီး အပြင်းအထန်ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

 

ရန်ကုန်မြို့တွင် မနေ့က ဆန္ဒပြခဲ့ကြစဉ် - ဓာတ်ပုံ ဒီဗွီဘီ

[gallery ids="81112,81113,81115,81116,81117,81118,81119"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013