DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး စုပေါင်းကြိုးပမ်းရန် သမ္မတတိုက်တွန်း
DVB
·
February 12, 2015
ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး စုပေါင်းကြိုးပမ်းရန် သမ္မတတိုက်တွန်း
1 / 16
Donate to DVB

ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသား အားလုံး စုပေါင်းကြိုးပမ်းကြဖို့ ဒီနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက်ပြည်ထောင်စုနေ့မှာ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စုနေ့အခမ်းအနားကို ပေးပို့တဲ့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ခုလို တိုက်တွန်းထားတာဖြစ်ပါတယ်။

သမ္မတက ‘ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရေးအတွက် အမျိုးသားနိုင်ငံရေးအင်အားစု အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရေး မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်ဖြည့်ဆည်းရမည့် ကွက်လပ်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက စုပေါင်းညီညွတ်စွာ ကြိုးပမ်းရန်လိုအပ်သည်’လို့ သ၀ဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့ပြင် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကို ကျော်လွှား ပြီး ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ အားလုံးပူးပေါင်းပါဝင်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးဟာ လက်ဝယ်ရရှိထားတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အရှိန်လျော့မသွားအောင် ပူးပေါင်းပါဝင်ကြဖို့လည်း သမ္မတက တိုက်တွန်းထားပါတယ်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရ ချိန်ကစလို့ ယနေ့တိုင် တိုင်းရင်းသားများ၏ ရည်မှန်းချက်များကို မဖော်ဆောင်နိုင်သည့် အပြင် ပြည်တွင်းစစ်မီးလောင်မြိုက်မှုတွင် တိုင်းရင်းသားတိုင်းရင်းသားလူမျိုးစုများမှာ စစ်မက်၏ သားကောင်သဖွယ် ခံစားနေကြရဆဲဖြစ်တယ်။ ပြည်တွင်းစစ်မီးချုပ်ငြိမ်းရန်အတွက် ပင်မအကြောင်းတရားဖြစ်တဲ့ တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုကို အာမခံချက်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုမတည်ဆောက်ပဲရနိုင်မည်မဟုတ်လို့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

၁၉၄၇ ခုနှစ် ဖော်ဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ် ပင်လုံမြို့လေးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုဖြင့် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့ က တောင်တန်းနဲ့ပြည်မပေါင်းစည်းပြီး လွတ်လပ်ရေးရယူကြရန် သမိုင်းဝင်ပင်လုံစာချုပ်ချပ်ဆိုနိုင်ခဲ့သည့်နေ့ကို ပြည်ထောင်စုနေ့အဖြစ် နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။

၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို အစိုးရက နေပြည်တော်မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဖိတ်ခေါ် ကျင်းပသလို အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရန်ကုန် ပြည်သူ့ရင်ပြင်မှာ ကျင်းပပါတယ်။

နေပြည်တော် ပြည်ထောင်စုနေ့ အခမ်းအနား (ဓာတ်ပုံ - ဒီဗွီဘီ)

[gallery ids="81074,81075,81076,81077,81078,81079,81080,81081,81082,81083,81084,81085,81086,81087,81088,81089"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013