DVB Logo
Home
Lead Story
ကချင်ဆရာမ ၂ ဦးအတွက် ၁ လပြည့် ၀တ်ပြုဆုတောင်းပွဲများ တနိုင်ငံလုံး လုပ်မည်
DVB
·
February 12, 2015
ကချင်ဆရာမ ၂ ဦးအတွက် ၁ လပြည့် ၀တ်ပြုဆုတောင်းပွဲများ တနိုင်ငံလုံး လုပ်မည်
Donate to DVB

ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ၀တ်ပြုဆုတောင်းပွဲကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းချုပ်များစုပေါင်းပြီး ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။

[caption id="attachment_81040" align="aligncenter" width="622"]ပြီးခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်နေ့က ဘားအံမြို့တွင် ဆုတောင်းပွဲပြုလုပ်စဉ် ပြီးခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်နေ့က ဘားအံမြို့တွင် ဆုတောင်းပွဲပြုလုပ်စဉ်[/caption]

ဆရာမ ၂ ဦး အသတ်ခံရတဲ့ တလပြည့်နေ့မှာ ၀တ်ပြုဆုတောင်းကြမှာဖြစ်ပြီး တနိုင်ငံလုံးရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ၀တ်ပြုဆုတောင်းကြမယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် အတွင်းရေးမှူး ဒေါက်တာဆမ်ဆန်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်ကို လာရောက်ခဲ့တဲ့ အမေရိကန်ခရစ်ယာန်ဘာ သာရေးခေါင်းဆောင်တွေရဲ့ ခရီးစဉ်အတွင်း အခုလို အမှုမှန်ပေါ်ပေါက်ရေး ၁ လပြည့် ၀တ်ပြုဆုတောင်းပွဲတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၉ ရက်နေ့ည သန်းခေါင်ယံမှာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာ ဘုရားရှိခိုးကျောင်းက နေအိမ်တွင်းမှာ ဆရာမ ၂ ဦးစလုံး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013