DVB Logo
Home
မြန်မာသတင်း
ဆရာမ ၂ ဦးအမှု ကချင်နှစ်ခြင်းအဖွဲ့ချုပ်နှင့်အစိုးရ ပူးပေါင်းစုံစမ်းမည်
DVB
·
February 11, 2015
ဆရာမ ၂ ဦးအမှု ကချင်နှစ်ခြင်းအဖွဲ့ချုပ်နှင့်အစိုးရ ပူးပေါင်းစုံစမ်းမည်
Donate to DVB

စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦးသတ်ခံရသည့်ကိစ္စနဲ့ ပတ်သက်ပြီး  ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် စုံစမ်းရေးကော်မတီနဲ့ အစိုးရစုံစမ်းရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ကြဖို့  သဘောတူညီကြပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က စုံစမ်းရေးကော်မတီ ၂ ခုက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပြီး သဘောတူကြတာလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် စုံစမ်းရေး ကော်မတီခေါင်းဆောင် ဒေါက်တာ ခလမ်းဆမ်ဆွန်က ပြောပါတယ်။

kachin teacher“အစိုးရစုံစမ်းရေးအဖွဲ့နဲ့ ကျနော်တို့ဆီက လွှတ်လိုက်တဲ့အဖွဲ့နဲ့ မနေ့က တွေ့ဆုံဆွေးနွေးမှုရှိပြီ။ ရဲမှုခင်းအဖွဲ့က စုံစမ်းစစ်ဆေးပြီးတာတွေကို ကျနော်တို့က ပြန်ကြည့်ပြီးတော့ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ လုပ်နေပါတယ်။ ကျနော်တို့ဘက်က လွှတ်လိုက်တာ ၇ ယောက်၊ သူတို့ဘက်က ၁၅ ယောက် မနေ့ကတွေ့ပြီးတော့ ညှိနှိုင်းတယ်။ အစိုးရစုံစမ်းရေးဘက်က ရွာသားတွေကို စစ်ဖို့ လိုအပ်တယ်ဆိုရင် အဲ့ဒီရွာမှာ မဟုတ်ဘဲနဲ့ မူဆယ်မှာခေါ်စစ်ဖို့ ကျနော်တို့ အခု လုပ်ထားတယ်။ မူဆယ်မှာခေါ်စစ်ဖို့ သူတို့ဘက်ကလည်း လက်ခံပါတယ်။”

အစိုးရစုံစမ်းရေးအဖွဲ့က စစ်မေးတဲ့အခါ ရွာသားတွေက ကြောက်ပြီး မပြောရဲကြတဲ့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ စီစဉ်တာလို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့တုန်းက  အမေရိကန်နှစ်ခြင်းအဖွဲ့ချူပ် အထွေထွေ အတွင်းရေးမှူး၊ အမေရိကန်ခရစ်ယာန်များ ကောင်စီ ဥက္ကဋ္ဌတို့နှစ်ဦး ဦးဆောင်တဲ့ အဖွဲ့နဲ့  ကချင်ပြည်နယ် ၀န်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြပြီး နောက်တရက်မှာ စုံစမ်းရေးကော်မတီ ၂ ရပ်ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူကြတာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုက ဒီအမှုမှာ ရွာသား၂ယောက်ကို စစ်မေးဖို့ ကျန်နေပြီး သူတို့ကို စစ်မေးပြီးရင် တရားခံ ထုတ်ဖော်နိုင်ဖို့ရှိတယ်လို့ နိုင်ငံပိုင်မီဒီယာတွေကို  ပြီးခဲ့တဲ့ရက်ပိုင်း က  ပြောကြားခဲ့ပါတယ်။ ဒါမေယ့် အဲ့ဒီနှစ်ယောက်ဟာ  ကေအိုင်အေနယ်မြေထဲရောက်နေလို့ စစ်မေးလို့ မရဘူးဖြစ်နေတယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ကချင်နှစ်ခြင်းစုံစမ်းရေးအဖွဲ့က အစိုးရစုံစမ်းရေးအဖွဲ့နဲ့ တွေ့ဆုံစဉ် မေးမြန်းတဲ့အခါ သူတို့ဘက်က တရားဝင်ထုတ်ပြန်မထားကြောင်း ဖြေဆိုကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးပြောတဲ့ ရွာသား ၂ ဦးအပါအ၀င်  အခင်းဖြစ်ပွားခဲ့တဲ့ ကောင်းခါးကျေးရွာနေ ကျေးရွာသားတွေအားလုံး ရွာမှာပဲရှိနေကြတယ်လို့ အဖွဲ့က ပြောပါတယ်။

ဇန်န၀ါရီ ၁၉ ရက်နေ့ည သန်းခေါင်ယံမှာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာ ဘုရားရှိခိုးကျောင်းက နေအိမ်တွင်းမှာ ဆရာမနှစ်ဦးစလုံး တနေရာတည်းမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီအမှုရဲ့ လက်သည်တရားခံကို ဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်အပါအ၀င် နိုင်ငံတွင်းက ပါတီနဲ့ လူမှုအဖွဲ့အစည်းတွေက မြန်မာအစိုးရကို တောင်းဆိုကြပြီး အခင်းဖြစ်ပြီး ၁ လလောက်ကြာတဲ့အထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013