DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ်စစ်ကြောင်းများ ဆက်လက်လက်ချီတက်
DVB
·
February 11, 2015
ကျောင်းသားသပိတ်စစ်ကြောင်းများ ဆက်လက်လက်ချီတက်
Donate to DVB

ရပ်နားထားတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဒီနေ့မနက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်း ပြန်လည်စတင်ဆွေးနွေးနေချိန်မှာ အမျိုသားပညာရေးပြပြင်ရေး ကျောင်းသားသပိတ်စစ် ကြောင်းတွေ ဆက်လက် ချီတက်နေပါတယ်။

Student 3ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ပြည်မြို့ကနေ ရွှေတောင်မြို့ကို ဆက်လက်ချီ တက်နေကြပြီး တောင်းဆိုချက်တွေ မလိုက်လျောမချင်း ရန်ကုန်ကို အရောက်ချီတက်ကြမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပခုက္ကူကနေ ထွက်ခဲ့တဲ့ မြေလတ်သပိတ်စစ်ကြောင်းကတော့ ထားဝယ်-မော်လမြိုင် သပိတ်စစ်ကြောင်းနဲ့ မွန်ပြည်နယ် သထုံမြို့မှာ ဒီမနက်ပေါင်းစည်းခဲ့ကြပါတယ်။ အင်အား ၁၀၀ ၀န်းကျင် ရှိတဲ့ ပေါင်းစည်းစစ်ကြောင်းဟာ ဆက်လက်ချီတက်နေပြီး  ကျိုက်ထိုမြို့မှာ ညအိပ်ရပ်နားမယ်လို့ ပခုက္ကူကျောင်းသားသမဂ္ဂအဖွဲ့က ကိုရှိုင်းထက်စိုးက ပြောပါတယ်။

ဧရာဝတီ သပိတ်စစ်ကြောင်းကတော့ ဒီကနေ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်အပေါ်မူတည်ပြီး ဆက်လက်ချီတက်ရေး၊ မတက်ရေး ဆုံးဖြတ်မယ်လို့ အဲဒီအဖွဲ့က ကိုတေဇာက ပြောပါတယ်။

“ဆွေးနွေးပွဲလုပ်လို့ ခတ္တခဏ နားထားပါတယ်ဗျ။ ဆွေးနွေးပွဲရဲ့ ရလဒ်ကို ကြည့်ပြီးတော့ အခြေအနေအရ ဆက်ထွက်ဖြစ်ရင်လည်း ထွက်မယ်။ ဆွေးနွေးပွဲရလဒ်က ကျနော်တို့ လိုချင်တာ ဖြစ်တယ်ဆိုလို့ ရှိရင် အဲဒီမှာတင် သပိတ်လှန်ဖို့ အနေအထားမျိုးတခုတော့ ရှိပါတယ်။”

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းခန်းမမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ ကျောင်းသားတွေ တောင်းဆိုနေတဲ့ အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်းကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013