DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ကတိက၀တ်စာချုပ်ရေးထိုးရန် ရှမ်းပြည်တပ်မတော် နေပြည်တော်ရောက်ရှိ
DVB
·
February 11, 2015
ငြိမ်းချမ်းရေး ကတိက၀တ်စာချုပ်ရေးထိုးရန် ရှမ်းပြည်တပ်မတော် နေပြည်တော်ရောက်ရှိ
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အာစီအက်စ်အက်စ်/အက်စ်အစ်အေ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ လာမည့်ပြည်ထောင်စုနေ့ကာလအတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စ ကတိက၀တ်စာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ နေပြည်တော်ကို ရောက်ရှိနေကြပါတယ်။

[caption id="attachment_80960" align="aligncenter" width="688"]ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က အစိုးရနှင့်ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က အစိုးရနှင့်ရှမ်းပြည်တပ်မတော်တောင်ပိုင်း[/caption]

ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်ပြီး အာစီအက်စ်အက်စ် ဗဟိုကော်မတီဝင် နဲ့ အဖွဲ့ဝင် ၁၇ ဦးဟာ နေပြည်တော်ကို ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၅ နာရီလောက်က ရောက်ရှိနေပြီလို့  RCSS အတိုင်ပင်ခံ စ၀်ပင်ခမ်းက ဒီဗွီဘီကို ပြောပါ တယ်။

“မနေ့ညနေက ကျနော်တို့ရောက်တော့ ၀န်ကြီးဦးအောင်မင်းနဲ့အဖွဲ့က တည်းခိုရိပ်သာမှာ လာတွေ့ပြီး ခရီးဦးကြိုပြုပါတယ်။ သမ္မတကြီးက ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားထားတာကြောင့်လည်း ဖြစ်တယ်။ ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်အတွက် ကတိက၀တ်စာချုပ် လက်မှတ်ရေးထိုးဖို့ပါ။ ဒါက အခြေအနေပေါ် မူတည်ပြီးမှ ရေးထိုးမှာဖြစ်ပါတယ်။”

အဲဒီ ကတိက၀တ်မှာ ရည်ရွယ်ထားတဲ့ အချက် ၆ ချက်ရှိပြီး အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တစိုက် မတ်မတ်သွားနိုင်အောင်၊  ရှေ့ဆက်ပြီးတော့ လုပ်ငန်းစဉ် ဖော်ဆောင်နိုင်အောင် ပူးပေါင်းဆောင်ရွက်ရေးတွေ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် ကတိက၀တ်လက်မှတ်မထိုးခင် အစိုးရဟာ   ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်လာကြမယ့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း  ထပ်မံတွေ့ဆုံညှိနှိုင်းဖို့ရှိတယ်လို့  စ၀်ပင်ခမ်းက ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က အာစီအက်စ်အက်စ်/အက်စ်အစ်အေ  နဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံပြီး ပြည်ထောင်စုနေ့မှာ တစုံတရာလက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အာစီအက်စ်အက်စ်/အက်စ်အစ်အေ ဟာ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အခြေခံတဲ့ နိုင်ငံရေးရပ်တည်ချက်ပေါ်အခြေပြုပြီး နိုင်ငံရေးပြဿ     နာကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းသွားမှာဖြစ်ကြောင်း၊ ဒီလိုဖြေရှင်းရာမှာ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများနဲ့  ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ၆၈ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013