DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ရာပြည့် မကွေး-နတ်မောက် ချီတက်
DVB
·
February 11, 2015
ဗိုလ်ချုပ်ရာပြည့် မကွေး-နတ်မောက် ချီတက်
1 / 2
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ မကွေးမြို့ကလူငယ်တွေက နတ်မောက်မြို့ကို လမ်းလျှောက်ချီတက်နေပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၄ နာရီမှာ မကွေးမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံကနေ ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုပြီး လမ်းလျှောက်ချီတက်နေကြတာပါ။

“ဒီနေ့လုပ်တဲ့ပွဲလေးက ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပွဲလေးကို ဗိုလ်ချုပ်အောင်ဆန်းကို လေးစား မြတ်နိုး တန်ဖိုးထားတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်ပွဲကို လမ်းလျှောက်သွားတဲ့အဖွဲ့ပါ။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကနေ မနက် ၄ နာရီက စထွက်ခဲ့ပါတယ်ခင်ဗျ။”

Untitled-4 copyလမ်းလျှောက်ချီတက်နေတဲ့ လူငယ်တွေဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ အမှိုက်တွေ ကောက်ပြီး သန့်ရှင်းရေးလုပ်သွားမယ်လို့ ဆိုပါတယ်။

“ဒီနေ့ လမ်းလျှောက်ပြီးရင် ညကျရင် နတ်မောက်ရောက်ရင် နားပါမယ်။ ၁၂ ရက်နေ့ကျရင် ကျနော်တို့က အမှိုက်လိုက်ကောက်မယ်။ မိလ္လာတွေလိုက်ပြီး သန့်ရှင်းရေးလုပ်မယ်။ သောက်ရေအိုးတွေလိုက် ရေဖြည့်ပါမယ်။”

မကွေးမြို့နဲ့ နတ်မောက်မြို့ဟာ ၃၆ မိုင် အကွာအဝေး ရှိပြီး တနေ့တည်း ရောက်အောင် ချီတက်လမ်းလျှောက်ကြမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013