DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း အဓိကရုဏ်းထပ်မံဖြစ်ပွား ရွာသားများ ဒဏ်ရာရ
DVB
·
February 10, 2015
လက်ပံတောင်း အဓိကရုဏ်းထပ်မံဖြစ်ပွား ရွာသားများ ဒဏ်ရာရ
1 / 9
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်မှာ ဒေသခံရွာသားနဲ့ ရဲတပ်ဖွဲ့ အကြား ဒီကနေ့  အဓိကရုဏ်းထပ်မံဖြစ်ပွားရာမှာ ရွာသား ၉ ဦးဒဏ်ရာရရှိတယ်လို့ သိရပြီး ရဲဘက်က ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

ဒီအဖြစ်အပျက်ဟာ ရွာသူတဦး သေနတ်ထိမှန်သေဆုံးခဲ့တဲ့ မနှစ်ဒီဇင်ဘာ အဓိကရုဏ်းအတွင်း အပြန်အလှန် တိုက်ခိုက်မှုအပြီး ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္မဏီက စက်ယန္တရားတွေနဲ့ မနက်က ၀င်ရောက်မြေတူးဖော်ရာမှာ မြေယာလျော်ကြေးမယူထားတဲ့နေရာတွေမှာပါ ထိုးတဲ့အတွက် တားဆီးရာ ကနေ ပြဿနာစဖြစ်တာလို့ ဒေသခံ ဦးဇင်း ဦးစန္ဒာသီရိက မိန့်ပါတယ်။

ရဲတွေနဲ့ ရွာသားတွေဟာ  မနက် ၁၁ နာရီကနေ နေ့ခင်း ၂ နာရီလောက်အထိ ခဲတွေ၊ လောက်လေးဂွတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြကြောင်းနဲ့  ညနေပိုင်း ၃ နာရီလောက်မှာတကြိမ် ထပ်ပစ်ကြပြီး ညနေ ၄ နာရီခွဲမှာ စက်သမားတွေ ပြန်သွားတဲ့အတွက် ပစ်ခတ်မှုတွေ ရပ်သွားတယ်လို့ ဦးစန္ဒာသီရိက မိန့်ပါတယ်။

“မနက်ခင်းကတော့ ရဲတွေက နည်းသေးတယ်။ ရဲတွေက စောင့်ကြည့်နေတာပေါ့နော်။ လယ်သမားတွေရဲ့မြေယာလျော်ကြေး မယူတဲ့မြေပေါ်မှာ မြေထိုးရင်းကနေ လယ်သားတွေက တားတယ်။ တားမရတဲ့အတွက် ခဲတွေ၊ ဘတ်ခွတွေနဲ့ စက်မောင်းတဲ့သူတွေကို ပစ်ပြီးတားကြတာပေါ့။ အလယ်ခေါက် ခြံစည်းရိုးကထားတဲ့တဖက်ကနေ လှမ်းပစ်ပြီးတော့ တားတာပေါ့။ ၁ နာရီလောက်ကျမှ ရဲအင်အား အလုံးအရင်းထပ်ရောက်လာပြီး ရဲတွေကလည်း ဘတ်ခွတွေနဲ့ပဲ လယ်သမားတွေကိုပစ်တယ်။ တနာနီကျော်ကြာပစ်တော့ လယ်သမားတွေဘက်က ၉ ဦးလောက်ဒဏ်ရာရသွားတယ်။ ”

ဒဏ်ရာရသူတွေထဲမှာ နဖူတည့်တည့်မှန်သူ၊ မျက်ကွင်း၊ မျက်နှာမှန်သူနဲ့ လက်ခြေထောက်တွေမှာ လောက်စာလုံး မှန်ကြပြီး မျက်ကွင်းမျက်နှာမှန်သူတွေက အခြေအနေ နည်းနည်း ဆိုးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ဒဏ်ရာရသူတွေကို ရွာက ကျေးလက်ဆေးခန်းမှာ ဆေးကုသပေးနေပါတယ်။ လုံခြုံရေး ရဲတပ်ဖွဲ့ဘက်တော့ ဘယ်လောက်ထိခိုက်ဒဏ်ရာရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှုးဇော်မျိုးညွန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တဖက်နဲ့  တဖက် အော်ပြောတာကလွဲရင် ပစ်တာ၊ ခတ်တာ မရှိဘူးလို့ ပြောပါတယ်။

“ပစ်တယ်လို့ မကြားမိပါဘူး။ ကျနော်ကြားတာတော့ အပြန်အလှန် တယောက်နဲ့တယောက်အော် တယ်ပြောတာပဲ။ ရွာသားတွေက အော်တယ်တဲ့။ ပစ်တယ်လို့မကြားပါဘူး။”

အခင်းဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့်ရှိပြီး ရွားသား ၇၀ လောက်ရှိတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

မနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ တုန်းကလည်း လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ အလားတူ အဓိကရုဏ်းဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် တောင်သူ ဒေါ်ခင်ဝင်း သေဆုံးသွားခဲ့သလို ဒေသခံတွေနဲ့ ရဲတပ်ဖွဲဝင်တွေ နှစ်ဘက်စလုံး ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

[gallery ids="80860,80854,80856,80859,80855,80861,80862"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013