DVB Logo
Home
မြန်မာသတင်း
အမေရိကန်ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ ကချင်ဝန်ကြီးချုပ်နှင့်တွေ့
DVB
·
February 9, 2015
Gallery image 1
1 / 3
Donate to DVB

စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦးသတ်ခံရသည့်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နှစ်ခြင်းအဖွဲ့ချူပ် အထွေထွေ အတွင်းရေးမှူး (Amarican Baptist Churches) နဲ့ အမေရိကန်ခရစ်ယာန်များ ကောင်စီ ဥက္ကဋ္ဌတို့နှစ်ဦး ဦးဆောင်တဲ့ အဖွဲ့ဝင်(၁၂) ဦးဟာ  ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ဒီမနက် တွေ့ဆုံကြပါတယ်။

အမေရိကန်ဘာသာရေးအဖွဲ့ကိုယ်စားလှယ်တွေက တွေ့ရှိချက်တွေကို အမေရိကန်သမ္မတထံ တင်ပြကြလိမ့်မယ်လို့  ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးလမာယော်က ပြောပါတယ်။

ဦးလမာယော်က “လာတဲ့ အမေရိကန်က ဆရာကြီးတွေလည်းပဲ ဒီကနေ့ မြစ်ကြီးနားကနေ ပြန်ပြီ။ ရန်ကုန်ရောက်ရင် သူတို့လည်း ဒီအရေးနဲ့ပတ်သက်ပြီးမှ တော်တော်စိတ်ဝင်စားတယ်၊ ပြောကြမှာ။ နောက် အမေရိကရောက်သွားရင်လည်းပဲ သမ္မတ အိုဘားမားနဲ့ ပြောကြမှာ။ နောက် လိုအပ်တဲ့အ ကူအညီလေးတွေ၊ အမှုမှန်ပေါ်ပေါက်ရေးကနေပြီးမှ တတ်နိုင်သလောက် ကူညီသွားမှာဖြစ်တယ်။’လို့ ပြောပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဘာတွေဆွေးနွေးကြသလဲဆိုတာ နှစ်ဘက်စလုံးက ထုတ်မပြော ကြပေမယ့် ဒီလ ၅ ရက်နေ့က မြစ်ကြီးနားကို ရောက်နေကြတဲ့ အမေရိကန်ကိုယ်စား လှယ်အဖွဲ့ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေနဲ့ ဆရာမ ၂ ဦးသတ်ခံရတဲ့ အမှုကို ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဘက်ကတော့ ဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုမှာ တပ်မတော်သားတွေ ပါဝင်ပတ်သက် ဖွယ်မရှိဘူးလို့ ကြိုတင် ထုတ်ပြောထားပါတယ်။

အဓမ္မကျင့်သတ်ဖြတ်မှု အမှုမှန်ပေါ်ပေါက်ဖို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ၁၅ ဦးပါ စုံစမ်းရေးကော်မတီကို ဒီလဆန်း ၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ကော်မတီဝင်တွေဟာ အခင်းဖြစ်ရာ မူဆယ်ဘက်ကို ဒီမနက် ခရီးထွက်ခွာသွားကြပြီလို့ ဦးလမာယော်က ပြောပါတယ်။

သမ္မတဦးသိန်းစိန်ထံ အသိပေးတင်ပြတဲ့စာထဲမှာ  ဒီစုံစမ်းရေးအဖွဲ့ဟာ အမှန်တကယ် ပြစ်မှုကျူးလွန်သူများ ကိုသာ ပြစ်မှုသက်ရောက်စေပြီး ပြစ်မှုမကျူးလွန်တဲ့ ဒေသခံတွေရဲ့ ရိုးသားမှုနဲ့ မသိနားမလည်မှုအပေါ်တစုံတရာဖိအားပေး ခြိမ်းခြောက်ခြင်းဖြင့်သော်လည်းကောင်း ပြစ်ဒဏ်ပေးခြင်းမျိုးမဖြစ်စေလိုသည်သာမက ၄င်းကျေးရွာ များမှာ နေထိုင်သူများရဲ့ဘ၀လုံခြုံမှုရရှိစေရန် ဖွဲ့စည်းထားတာဖြစ်တယ်လို့ တင်ပြထားပါတယ်။

လက်ရှိမှာ အခင်းဖြစ်တဲ့ကောင်းခါးကျေးရွာက ရွာသားတွေဟာ စစ်ဆေးရာမှာ ခြိမ်းခြောက် မှုတွေကြောင့် သွေးပျက်မတတ်ကြောက်လန့်နေကြတယ်လို့   ဦးလမာယော်က ပြောပါတယ်။

“သူတို့ရဲ့လုံခြုံမှုက အခု စိုးရိမ်ရတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ဆေးမေးမြန်းချက်တွေက တအားထူထပ်လွန်း အားကြီးတယ်။ နောက် နိုင်ငံပိုင်မီဒီယာကလည်းပဲ ဒီသတင်း မမှန်မကန်ပြောဆိုမှု ရှိခဲ့လို့ရှိရင် အားလုံးကို ဖမ်းဆီးအရေး ယူမယ်ဆိုပြီးတော့မှ ခြိမ်းခြောက်ထားတဲ့ဟာတွေ များတယ်။ နောက် ခြိမ်းခြောက်ထားတာ ကြားရတာက တမျိုး၊ လက်ရှိ အခြေအနေမှာ ဟိုလူ့ငြိုး ဒီလူ့ငြိုးနဲ့ ခေါ်စစ်မေးမြန်းနေတာ ထူထပ်လွန်းတဲ့အခါကျတော့ ရွာသူ ရွာသားတွေက သွေးပျက် မတတ်ကို ကြောက်နေကြပြီ။ ” လို့ပြောပါတယ်။

စုံစမ်းရေးကော်မတီဝင်တွေထဲမှာ ပါဝင်တဲ့ ဓမ္မဆရာတွေက ကြောက်လန့်နေတဲ့ရွာသားတွေရဲ့ စိတ်ကို ကုစားဖို့ နွေးထွေးမှု ရှိအောင်သွားတာလို့ ပြောပါတယ်။

ဇန်န၀ါရီ ၁၉ ရက်နေ့ည သန်းခေါင်ယံမှာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာ ဘုရားရှိခိုးကျောင်း က နေအိမ်တွင်းမှာ ဆရာမနှစ်ဦးစလုံး တနေရာတည်းမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။

အခင်းဖြစ်ချိန်မှာ ရွာမှာ တပ်ချရပ်နားထားတဲ့ တပ်မတော်တပ်ဖွဲ့ကို သံသယနဲ့ တွက်ဆပြောဆိုမှုတွေ ကျယ်ပြန့်နေပြီး အစိုးရက အမှုမှန်ပေါ်ပေါက်လို့  တပ်မတော်သားမဟုတ်ဘူးဆိုရင် စွပ်စွဲပြောဆိုနေသူတွေကို အရေးယူ မယ်လို့ ကြေညာထားပါတယ်။

[gallery ids="80751,80752,80753,80754,80756,80755"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013