DVB Logo
Home
မြန်မာသတင်း
ပညာရေးဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲအတွက် ညှိနှိုင်း
DVB
·
February 9, 2015
ပညာရေးဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲအတွက် ညှိနှိုင်း
Donate to DVB

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ဖို့အတွက် ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်းနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာရ်)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ဒီကနေ့ အကြိုညှိနှိုင်းဆွေးနွေးကြပါမယ်။

ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့အဆင့်မြင့်ပညာဦးစီးဌာနရုံးမှာ ဒီကနေ့ နေ့ခင်း ၂ နာရီ တွေ့ဆုံညှိနှိုင်းကြမှာဖြစ်တယ်လို့ တက်ရောက်ဆွေးနွေးမယ့် ကျောင်းသားကိုယ်စားလှယ်တဦးက ပြောပါတယ်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး အစိုးရ၊ လွှတ်တော်၊ အန်အန်အီး အာရ်နဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပနိုင်ရေး အတွက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အန်အန်အီးအာရ်က ဒေါက်တာသိန်းလွင်နဲ့ ဦးစိုးထွန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)က ကိုအောင်မှိုင်းဆန်း၊  ဗကသ (မြေလတ်) က ကိုချစ်ဝင်းမောင်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) က ကိုရဲဇာနည်ထွန်းတို့ တက်ရောက်မှာဖြစ်ပါတယ်။

ကိုချစ်ဝင်းမောင်က  “အခု ကျနော်တို့ ၂ နာရီမှာ အဆညမှာ ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်းနဲ့ လေးပွင့်ဆိုင်တွေ့ဖို့အတွက် နေ့ရက်ရယ်၊ နေရာရယ်၊ အစည်းအဝေး အစီအစဉ်  သွားညှိတဲ့သဘောပေါ့။ ” လို့ ပြောပါတယ်။

ဒီတကြိမ်ဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ပိုင်းကို အစိုးရဘက်က တဖက်သတ် ရွှေ့ဆိုင်းအပြီးမှာ ကျောင်းသားသပိတ်တိုက်ပွဲတွေ ကြီးမားကျယ်ပြန့်လာပြီးတဲ့နောက်  နောက်တကြိမ် လေးပွင့်ဆိုင် အစည်းအဝေးအာဂျင်ဒါညှိနှိုင်းဖို့ ဖိတ်ကြားခဲ့တာပါ။

ပထမတကြိမ်တုန်းက ဒေါက်တာသိန်းလွင် တစ်ဦးတည်းကို ဖေဖော်ဝါရီ ၆ ရက်နေ့က ဦးသန့်ရှင်းက ဖိတ်ကြားဆွေးနွေးခဲ့ပါတယ်။

ကိုချစ်ဝင်းမောင်က “ပထမတကြိမ်တုန်းက ဒုဝန်ကြီးက ဒေါက်တာသိန်းလွင်နဲ့ တခါတွေ့တယ်။ ဒေါက်တာသိန်းလွင်က နောက်တခါဆွေးနွေးပွဲမှာ သူတယောက်တည်းကျရင် မကောင်းဘူး။ ကျောင်းသားတွေလည်း ဖိတ်ပါဆိုတော့ ၁၅ ယောက်လုံးကို မဖိတ်နိုင်ရင်တောင် သုံးယောက်တော့ ပါမှဖြစ်မယ်။ သုံးဖွဲ့ဖြစ်တဲ့အတွက် သုံးယောက်ဖိတ်ပါဆိုတဲ့ပုံစံမျိုးပြောတော့ အခု ကျနော်တို့ တဖွဲ့ တယောက် သုံးယောက်ပေါ့ ဖိတ်တယ်” လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲ  စောလျင်စွာ ကျင်းပနိုင်ရေးနဲ့ အစည်းအဝေးကျင်းပမယ့် နေရာ နေ့ရက်တို့ သတ်မှတ်နိုင်ရေးဆွေးနွေးမယ်လို့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးအတွက် သပိတ်မှောက် ကျောင်းသားစစ်ကြောင်းတွေဟာ မန္တလေး-ရန်ကုန်လမ်းတလျောက်၊  မော်လမြိုင်၊ မြိတ်၊ ဧရာဝတီစတဲ့ စစ်ကြောင်းတွေ ချီတက်တောင်းဆိုနေကြပြီး ပြည်သူအများက ၀န်းရံထောက်ခံမှုရနေပါတယ်။

နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က အစိုးရ၊ လွှတ်တော်၊ အန်အန်အီးအာရ်နဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ဆွေးနွေးပွဲကို အစိုးရဘက်က ဖျက်သိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်း ကျမှ ကျင်းပဖို့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။

[gallery ids="80702,80704,80703"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013