DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့နယ်၌ စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစု ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ 
DVB
·
April 2, 2026
Photo:DVB
Photo:DVB
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဧပြီ ၁ ရက် မနက်ပိုင်း စစ်တပ်က တိုက်လေယာဉ် ၄ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေး ၂ ယောက်အပါအဝင် မိသားစု ၄  ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁ ရက် မနက် ၁၁ နာရီ ၁၁ မိနစ်ကနေ  ၁၁ နာရီ ၄၅ မိနစ်လောက်အထိ လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ပင်လယ်ပြင်ရှိ ရေတပ်သင်္ဘာကလည်း လက်နက်ကြီးနဲ့ တချိန်တည်း ပစ်ခတ်ခဲ့တာလို့  AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်နေ  မိသားစုဝင်တွေဖြစ်ကြတဲ့ ဒေါ်မအေးမေ (၄၇နှစ်)၊ ဒေါ်မအောင်သန်း (၂၆နှစ်)၊ မပြည့်ဖြိုးနွယ် (၇နှစ်)နဲ့  မအေးငြိမ်းလှိုင် (၂နှစ်) တို့ သေဆုံး ခဲ့ပါတယ်။

သေဆုံးသွားတဲ့မိသားစုနဲ့ နီးစပ်တဲ့ ငပလီမြို့ခံအမျိုးသားတယောက်က "သူတို့ဟာ ကျောက်တော် ကနေ ငပလီကို လာပြီး လုပ်ကိုင်စားသောက်နေကြတာပါ။ သူတို့အကုန် တမိသားစုတည်းပါ။ သူ့အဖေက ရေလုပ်သား တယောက်ပါ"လို့ ပြောပါတယ်။

ဒဏ်ရာရသွားသူတွေကတော့  ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်နေ ဒေါ်အေးသန္တာဦး (၂၈နှစ်)၊ မမိုးထက်သန္တာ (၈နှစ်)နဲ့ သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာနေ ၃ နှစ်အရွယ် မသဲရတီဦးတို့ ဖြစ်ကြပါတယ်။

သံတွဲမြို့ခံ တယောက်က "ဒဏ်ရာသွားတဲ့ လူနာတွေကိုတော့ အရေးပေါ်ဆေးကုနေတယ်။ တခြား ကျန်တဲ့ စစ်ရှောင်တွေ အကုန်လုံးဆိုသလို ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်"လို့ ပြောပါတယ်။

စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံတွဲမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းဟောင်း ခလရ (၅၅) စခန်းဟောင်းအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

အဆိုပါနေရာအနားမှာ စစ်ဘေးရှောင်တွေနေထိုင်နေကြတာဖြစ်ပြီး  အဲဒီထဲက ကလေး ၂ ယောက် အပါအဝင် မိသားစုဝင် ၄ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ကြတဲ့အပြင် နောက်ထပ်ကလေး ၂ ယောက်နဲ့  ကိုယ်ဝန်ဆောင် အမျိုးသမီး  တယောက်လည်း ဒဏ်ရာရတယ်လို့  AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုဟာ စစ်ကောက်စီတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်ခံရတဲ့ ပထမဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။

​အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူတွေ အတွက် အာရက္ခပြည်သူ့အစိုးရအနေနဲ့ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ဒဏ်ရာရသူတွေကိုလည်း အရေးပေါ် ဆေးကုသပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

​စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေကို အရင်ထက် ပိုလုပ်လာနေတာကြောင့် ပြည်သူတွေ အနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုဖို့ အာရက္ခတပ်တော်က  တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013