DVB Logo
Home
မြန်မာသတင်း
ပင်မ ကျောင်းသား သပိတ်စစ်ကြောင်း ပြည်မြို့အနီး ရောက်ရှိ
DVB
·
February 9, 2015
ပင်မ  ကျောင်းသား သပိတ်စစ်ကြောင်း ပြည်မြို့အနီး ရောက်ရှိ
1 / 7
Donate to DVB

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် မန္တလေးကနေ ရန်ကုန်ကို ချီတက်နေတဲ့ ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းဟာ ပဲခူးတိုင်း အောင်လံမြို့နယ် ကသစ်ကန်ကျေးရွာကနေ ဒီကနေ့  မနက်က ချီတက်ရာမှာ ပြည်မြို့နဲ့ မိုင် ၂၀ ကျော်အကွာကို ရောက်ရှိနေပြီး သံဆူးကြိုး  အကာအရံနဲ့ လုံထိန်း တပ်ဖွဲ့တွေကို ဖြတ်ကျော်ရဖွယ်ရှိနေပါတယ်။

ပင်မသပိတ်စစ်ကြောင်းဟာ လုံထိန်းတပ်ဖွဲ့ဝင် ၂၀၀ ခန့်နဲ့ အရပ်ဝတ်စွမ်းအားရှင် (၁၀၀) ခန့် ချထားတဲ့ ယုံဖြူတောင်နဲ့ ၁ မိုင်ခန့်အကွာအဝေးရှိရာ အောင်ညီသာကျေးရွာကို မွန်းတည့်ပိုင်းမှာ  ရောက်ရှိရပ်နားနေကြပါတယ်။

စစ်ကြောင်းမှာဦးဆောင်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် အတွင်းရေး မှူး ကိုမင်းသွေးသစ်က “ ဒီရွာကနေ အရှေ့က ၁မိုင်လောက်ဝေးတဲ့ ယုံဖြူ တောင်ကြားမှာ ကျနော်တို့ ကို သံဆူးကြိုးတွေနဲ့ ရဲအင်အား ၂၀၀ကျော် ရှိတယ်။ နောက်စွမ်း အားရှင်တွေလည်း ၁၀၀ လောက်ရှိတယ်။ ပိတ်ထားတယ်ပေါ့။ ဒါပေမယ့် အဲဒီနေရာမှာ ပြည်မြို့ကနေ ကျနော်တို့ကို အကြမ်းဖက်ဖြိုခွင်းမှာစိုးလို့ လာပြီး ၀န်းရံပေးဖို့ စောင့်နေကြတဲ့ ပြည်သူတွေ ကျောင်းသားတွေလည်း ၅၀၀ လောက်ထပ်ရောက်နေတယ်။ ကျနော်တို့ စစ်ကြောင်း မှာလည်း အောင်လံ၊ ပြည်၊  ဇီးကုန်းနဲ့ ပေါင်းတည်တို့ဘက်က အင်အားစုတွေအ ကုန်လုံးကလည်း လိုက်ပါစောင့်ရှောက်ဖို့။ ဒီနေ့ ကျောင်းသားတွေကို တားဆီးပြီးတော့ အကြမ်းဖက် ဖြိုခွင်းမယ်လို့ သတင်းကြားလို့ လိုက်ပါစောင်ရှောက်ဖို့ လိုက်လာတဲ့အတွက် ကျနော်တို့ စစ်ကြောင်းမှာတော့ လူ ၃၀၀၀ ကျော်လောက်ဖြစ်သွားပြီ။” လို့ ပြောပါတယ်။

တနင်္သာရီတိုင်း မြိတ်နဲ့ ထားဝယ်မြို့မှာ ဒီကနေ့ ကစပြီး တက္ကသိုလ်ကျောင်းသားတွေ လမ်းပေါ် ထွက် ဆန္ဒပြ ချီတက်ကြ ပါတယ်။ မြိတ်မြို့  ၀ိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်ကျောင်းကနေ မြို့ကိုပတ်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။ မြိတ်မြို့က နည်းပညာ တက္ကသိုလ်နဲ့  ၀ိဇ္ဖာသိပ္ပံတက္ကသိုလ်ကျောင်းသား တွေက ပူးပေါင်းခဲ့သလို နေခင်းပိုင်းမှာတော့ တခြား ကျောင်းသူ ကျောင်းသားတွေ ပါဝင်လာတဲ့တွက် ကျောင်းသား ၄၀ ကျော်နဲ့ ဆန္ဒထုတ်ဖော်နေကြပါတယ်။

မြို့မိမြို့ဖတွေလည်း လိုက်လံဝန်းရံတဲ့အတွက် လူပေါင်းရာချီ ချီတက် ဆန္ဒထုတ်ဖော်နေ ကြတယ်လို့ ကျောင်းသားခေါင်းဆောင် ကိုစိုးသက်ထွန်းက ပြောပါတယ်။

“ထမင်းစားပြီးတော့ ကျနော်တို့ မြို့ကို နိုင်သလောက်ပတ်မယ်။ မနက်ဖြန်ကျရင် တော့ နည်းပညာ တက္ကသိုလ်ကို သွားမှာ ဖြစ်ပါတယ်။”  လို့ သူက  ပြောပါတယ်။

မနေ့ညက မွန်ပြည်နယ် မော်လမြိုင်မြို့ကို ရောက်ရှိကြတဲ့ ထားဝယ်သပိတ်ကျောင်းသား ၁၅ ဦးဟာ  မော်လမြိုင်မြို့က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး မြို့အတွင်း လှည့်လည်ဆန္ဒပြ နေကြပါ ရာမှာ လမ်းတလျောက်မှာ ဒေသခံ ရာပေါင်းများစွာက ကြိုဆိုခဲ့ကြပါတယ်။

ထားဝယ်ကျောင်းသားသပိတ်ခေါင်းဆောင်း ကိုမင်းလွင်ဦးက “အခုက ကျနော်တို့ ဗိုလ်ချုပ်ကြေးရုပ်ကို သွားတယ်။ ဗိုလ်ချုပ်ပန်းခြံကို ရောက်နေတယ်။ ကျနော်တို့ ပြည်သူလူထုရဲ့ အားပေးမှုတော့ တော်တော်ရပါတယ်။ မနက်ဖြန်မှာတော့ မော်လမြိုင်မှာရှိတဲ့ တက္ကသိုလ် ကျောင်းတွေကိုသွားဖို့ အစီစဉ်ရှိပါတယ်။” လို့  ပြောပါ တယ်။

ဧရာဝတီတိုင်း သပိတ်စစ်ကြောင်းကတော့ ဒီကနေ့ မအူပင်မြို့ပေါ်က တက္ကသိုလ် ကျောင်းတွေကို လိုက်လံစည်းရုံးနေပြီး မွန်းတည့်ပိုင်းက ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းဟာ  မအူပင်တက္ကသိုလ်မှ မအူပင် နည်းးပညာတက္ကသိုလ်သို့ ဆက်လက်ချီတက်နေပါတယ်။

ပခုက္ကူ သပိတ်စစ်ကြောင်းဟာ လက်ရှိ မကွေးမြို့ ရောက်ရှိနေပြီး မကွေး တက္ကသိုလ် ကျောင်းဝင်းအတွင်း ၀င်ရောက်ခွင့်  တောင်းဆိုပေမယ့် မရတဲ့အတွက် သပိတ်မှောက်ကျောင်းသား ၃၀၀ ကျော်ဟာ  အောင်လံမြို့ကို ဆက်လက် ချီတက်မယ်လို့ ပခုက္ကူသပိတ်မှာ ပါဝင်တဲ့ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

[gallery ids="80692,80687,80693,80691,80690,80689"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013