DVB Logo
Home
မြန်မာသတင်း
ရန်ကုန် စက်မှုဇုန် အထည်ချုပ်လုပ်သားများ လစာတိုးပေးရန် ဆန္ဒပြ
DVB
·
February 9, 2015
ရန်ကုန် စက်မှုဇုန် အထည်ချုပ်လုပ်သားများ လစာတိုးပေးရန် ဆန္ဒပြ
1 / 12
Donate to DVB

ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံ ၅ ရုံက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ  အခြေခံလစာ တိုးမြှင့်ပေးဖို့ ဒီကနေ့မနက် ချီတက် ဆန္ဒပြကြ ပါတယ်။

Ford Glory Garment, Costec International, E,land Myanmar Garment, Red Ston Garment နဲ့ Han jen Textile nd Garment အထည်ချုပ်စက်ရုံက လုပ်သားတွေဖြစ်ကြပါတယ်။

သူတို့က အနိမ့်ဆုံးလုပ်ခငွေကို အမြန်သတ်မှတ်ပေးဖို့နဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးဖို့ အပါအ၀င် အချက် ၉ ချက်ကို တောင်းဆိုကြပါတယ်။

ချီတက်ဆန္ဒပြတဲ့အလုပ်သမား မသိန်းမိုးလွင်က “ကျမတို့ ရွှေပြည်သာ တ၀န်းပဲပတ်တာ။  ပြီးတော့ သပိတ်စခန်းတွေ သွားမှာ။ ရုံတိုင်း ရဲရှေ့မှာ သပိတ်စခန်းတွေရှိနေတယ်။ ဒီတပတ်အတွင်း မှာ ပြေလည်အောင် ညှိနှိုင်းဖြေရှင်း မပေးဘူးဆိုရင် ကျမတို့က တနေရာထဲမှာ သပိတ်ပေါင်းပြီးတော့ နေမှာ။” လို့ ပြောပါတယ်။

အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ရေးအတွက် အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ကြိုးပမ်းဆောင် ရွက်နေပြီး အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့အဆိုအရ ဒီနှစ် အောက်တို ဘာ လ၀န်းကျင်မှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ဖွယ်ရှိနေပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားသမဂ္ဂရုံးခန်း  ထားပေးဖို့၊  အလုပ်သမားအားလုံးအတွက် ဖူလုံရေး ကဒ်ပြုလုပ်ပေးဖို့၊ ဥပဒေနဲ့ အညီ ခွင့်ရက်နဲ့အလုပ် ပိတ်ရက်တွေ  ခံစားခွင့်ပြုဖို့၊ ဆေးခွင့်တင်တဲ့ရက်တွေအတွက် ငွေကြေး မဖြတ်တောက်ဖို့၊  နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်တွေတည်ဆဲဥပဒေတွေကိုလိုက်နာဖို့နဲ့ သမဂ္ဂအလုပ် အမှုဆောင်တွေကို အလုပ်သမား အဖွဲ့အစည်းဥပဒေနဲ့အညီ တလကို ခွင့်ရက် (၂) ရက် ပေးဖို့  အလုပ် သမားတွေ က တောင်းဆိုထားပါတယ်။

အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ကတည်းက တောင်းဆို ဆန္ဒပြ နေကြတာဖြစ်ပြီး အခု ချီတက်လှည့်လည် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

တချိန်တည်းမှာ ကျောင်းသားထုကလည်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် မန္တလေးကနေ ရန်ကုန်ထိ သပိတ်စစ်ကြောင်းအပါအ၀င် မကွေး၊ ဧရာဝတီ တနင်္သာရီတိုင်းတွေက ကျောင်သားတွေကလည်း ရန်ကုန်ထိ ချီတက် နေကြပါတယ်။

[gallery ids="80667,80658,80659,80660,80669,80661,80666,80668,80664,80665"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013