DVB Logo
Home
မြန်မာသတင်း
နတ်မောက် ဗိုလ်ချုပ်ရာပြည့်ပွဲ ပြည်သူထောင်သောင်းချီ တက်ရောက်
DVB
·
February 7, 2015
နတ်မောက် ဗိုလ်ချုပ်ရာပြည့်ပွဲ ပြည်သူထောင်သောင်းချီ တက်ရောက်
1 / 5
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားရာဇာတိ မကွေးတိုင်း၊ နတ်မောက်မြို့မှာ ဗိုလ်ချုပ်မွေးနေ့ နှစ် ၁၀၀ ပြည့် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ထောင်သောင်းချီတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုရင်ပြင်မှာ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ ဗိုလ်ချုပ်မွေးနေ့ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ နတ်မောက်နဲ့ အနီးနားမြို့တွေက ဗိုလ်ချုပ်ကို လေးစားကြည်ညိုတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

မွေးနေ့ဖွင့်ပွဲအခမ်းအနားကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးနဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေတို့က ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ ဒေသခံသတင်းထောက် နတ်မောက်သားမြွေဟောက်က ပြောပါတယ်။

ဗိုလ်ချုပ်မွေးနေ့ဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာခြင်း မရှိတဲ့အတွက် မြို့ခံတွေ စိတ်မကောင်းဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

“လူထုကတော့ ဒေါ်စုတက်လိမ့်မယ်လို့ ယူဆတာပေါ့နော်။ ဒေါ်စု မတက်တဲ့အခါကျတော့ ဖခင်ကြီးရဲ့ ဇာတိဘက်ကို စိတ်အား မထက်သန်ဘဲ မိခင်ကြီးဌာနေလောက်ပဲ စိတ်အားထက်သန်တယ်ဆိုပြီး အမြင်မျိုးတွေ အမြင်ခံရတာပေါ့။ ဒီနေ့ပွဲကို မတက်တော့။”

နတ်မောက်ဗိုလ်ချုပ်မွေးနေ့နှစ် ၁၀၀ ပြည့် အခမ်းအနားအစီအစဉ်တွေကို ပြခန်း၊ အနုပညာဖျော်ဖြေတင်ဆက်မှု၊ ကျောင်းသားကျောင်းသူတွေရဲ့ ကဗျာရွတ်ဆိုဂုဏ်ပြုမှု စတဲ့အစီအစဉ်တွေနဲ့ ၇ ရက်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ ဗိုလ်ချုပ်မော်ကွန်း ကျောက်စာတိုင်ဖွင့်ပွဲကျင်းပဖို့ရှိပြီး အဲ့ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ မကွေးအမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က အတည်ပြုပြောပါတယ်။

နိုင်ငံတ၀န်း မြို့ကြီး၊ မြို့ငယ်တွေမှာ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်နေကြပါတယ်။

[gallery ids="80543,80544,80545,80546,80547"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013