DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်သဘောတူညီချက်ယူရန် ကမ်းလှမ်းချက် အစိုးရပယ်ချ
DVB
·
February 5, 2015
ဖက်ဒရယ်သဘောတူညီချက်ယူရန် ကမ်းလှမ်းချက် အစိုးရပယ်ချ
1 / 6
Donate to DVB

ပြည်ထောင်စုနေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်ယူဖို့  တိုင်းရင်းသားတွေ ကမ်းလှမ်းထားတဲ့ ကိစ္စ အစိုးရဘက်က လက်မခံ ငြင်းပယ်လိုက်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာကျရောက်မယ့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို ကတိက၀တ်ပြု ပါဝင်လက်မှတ်ရေးထိုးဖို့  ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ သမ္မတဦးသိန်းစိန်ထံ ကမ်းလှမ်းထားခဲ့တာပါ။

ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ ဦးအောင်မင်းက ယူအန်အက်ဖ်စီက တောင်းဆိုတဲ့ ပြည်ထောင်စုနေ့မှာ နိုင်ငံရေးကတိက၀တ်ဖြစ်မလားလို့ သတင်းထောက်တွေက မေးရာမှာ  “ခင်ဗျားစဉ်းစားကြည့်လေဗျာ။ ဒီဘက်မှာက ၁၆ ဖွဲ့လေ။ အခု မေးကြည့်တဲ့အခါကျတော့ သူတို့ ၁၆ ဖွဲ့တောင်မှ ထပ်တူထပ်မျှမဖြစ်သေးဘူးဗျ။ ကျနော်တို့ဘက်မှာက ၃ ဖွဲ့ ကျနော်တို့ဘက်က ညှိလိုက်ရင် ရနိုင်တယ်။ အဲဒီတော့ ဒီလို အဖွဲ့တွေ များရင်တော့လည်း တဖွဲ့က သဘောမတူဘူး၊ တဖွဲ့က သဘောတူတယ် ဘာညာတွေက အခက်အခဲတွေအများကြီးရှိတယ်။ ဒါလေးတော့ နားလည်ပေးဖို့လိုအပ်တာပေါ့” လို့ပြော ပါတယ်။

ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) ဟာ နိုင်ဟံသာခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (အန်စီစီတီ) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့  ဆွေးနွေးပွဲအပြီး  ၀န်ကြီး ဦးအောင်မင်းက  သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဒီကနေ့ဆွေးနွေးကြရာမှာ မနှစ်နှစ်ကုန်ပိုင်းကတည်းက ရပ်နားထားတဲ့ တပြည်လုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလလယ်ပိုင်းမှာ ဆွေးနွေးပွဲပြန်စဖို့ သဘောတူညီချက်ရပါတယ်။

ဦးအောင်မင်းက “သဘောတူညီချက်ရပါပြီ၊ (ဆွေးနွေးပွဲ ကျင်းပမယ့်ကိစ္စ)။ ရက်တော့ အတိအကျမရဘူးပေါ့။ ပြည်ထောင်စုနေ့အပြီး တပတ်အတွင်း ရန်ကုန်မြို့မှာ ကျနော်တို့ လုပ်ငန်းကော်မတီနဲ့ သူတို့အန်စီစီတီနဲ့ ဆွေးနွေးမယ်ဆိုတာ ရက်တော့ရပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၆) ဖွဲ့စလုံးကို လိပ်မူ ဖိတ်ကြားခဲ့တယ်လို့ ပြောပါတယ်။

ဦးအောင်မင်းတို့ဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ်တဲ့ မူဘောင်တွေကို အန်စီစီတီဘက်ကို ပေးအပ်ခဲ့ပြီး အန်စီစီတီဘက်က မူဘောင်ကို လည်း ဦးအောင်မင်းတို့ကို ပေးအပ်ခဲ့ပါတယ်။ ဒီမူဘောင်တွေမှာ ပါဝင်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက်   အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ၆ ကြိမ်မြောက်ဆွေးနွေးပွဲကို  ၂၀၁၄ စက်တင်ဘာလက ရန်ကုန်မှာကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ဦးခင်မောင်စိုး၊ ဦးခင်ရီ၊ အမ်ပီစီအလုပ်အဖွဲ့နဲ့ အန်စီစီတီအဖွဲ့က နိုင်ဟံသာနဲ့ပဒိုကွယ်ထူးဝင်းတို့ ဦးဆောင်ပြီး ဗိုလ်မှုးစောလုံလုံ၊ ဦးထွန်းဇော်၊ ဗိုလ်မှူးကြီး ဆော်မွန်တို့ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ - Nyo Ohn Myint

[gallery ids="80251,80252,80253,80254,80255,80256"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013