DVB Logo
Home
မြန်မာသတင်း
အသတ်ခံရသူမြန်မာ ၃ ဦးအတွက် ထိုင်းက နစ်နာကြေးပေးမည်
DVB
·
February 5, 2015
အသတ်ခံရသူမြန်မာ  ၃ ဦးအတွက် ထိုင်းက နစ်နာကြေးပေးမည်
Donate to DVB

ပြီးခဲ့တဲ့လက ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ချိုင်းပူးရီမြို့နယ်ထဲက ရာဘာခြံမှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ မြန်မာအလုပ်သမား ၃ ဦးအတွက် နစ်နာကြေး တဦးကို ဘတ် ၁ သိန်းစီပေးမယ်လို့ ထိုင်းရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ပါတယ်။

[caption id="attachment_80224" align="aligncenter" width="632"]ဈာပနအခမ်းအနား ကျင်းပစဉ်က (ဓာတ်ပုံ - ရွှေလုပ်သား) ဈာပနအခမ်းအနား ကျင်းပစဉ်က (ဓာတ်ပုံ - ရွှေလုပ်သား)[/caption]

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်က ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က “ကလေး ၃ ယောက်အလောင်း သင်္ဂြိုဟ်ပြီးတဲ့နောက်တနေ့မှာပဲ ချိုင်းပူးရီး ရဲစခန်းက စခန်းမှူးကိုယ်တိုင် ကျနော်တို့ဆီ လာပြောပါတယ်ခင်ဗျ။ သေဆုံးသူတွေအတွက် နစ်နာကြေး တယောက် ၁ သိန်းစီရမယ်ပေါ့။ ဒီလိုသေဆုံးမှုမျိုးမှာ ထိုင်းဥပဒေအရ အလုပ်သမားဝန်ကြီးဌာနကတဆင့် နစ်နာကြေးပေးတဲ့ အစဉ်အလာရှိပြီး ဒီအမှုနဲ့ မပတ်သက်ကြောင်း ပြောပါတယ်” လို့ ဆိုပါတယ်။

အဲဒီနစ်နာကြေးကြောင့် လူသတ်မှုကို ပေါ့သွားစေမယ်ဆိုရင်တော့ လက်ခံမှာ မဟုတ် ကြောင်း စခန်းမှူးကို ရှင်းရှင်းလင်းလင်းပြောလိုက်တယ်လို့ သူက ပြောပါတယ်။

နစ်နာကြေးငွေထုတ်ယူဖို့အတွက် သေဆုံးသူတွေရဲ့ သက်ဆိုင်ရာ မိသားစုတွေက တော်စပ်ပုံ၊ ရပ်ကွက်ထောက်ခံစာ၊ သံရုံးထောက်ခံစာတွေ လိုအပ်ပြီး လောလောဆယ် မိသား စုတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။ ရပိုင်ခွင့်ရှိတဲ့ အလုပ်သမားနစ်နာကြေးတွေရဖို့ သက်ဆိုင်ရာကို စာတင်ထားတယ်လို့ ဆိုပါတယ်။

မြန်မာသံရုံးအနေနဲ့လည်း ဒီလူသတ်မှုကို တရားဝင်ကန့်ကွက်ခဲ့ပြီး ကျူးလွန်သူကို  ဖော်ထုတ်ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေး ပိုင်းကို စာပေးပို့တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မွန်ပြည်နယ် စက်စဲဒေသကနေ ထိုင်းရော်ဘာခြံမှာ အလုပ်လာလုပ်တဲ့ ကိုကျော်ထူး (၃၀ နှစ်)၊ ကိုဆန်းဝင်း (၂၂ နှစ်) နဲ့ မောင်ချစ်ဖူး (၁၃) နှစ်တို့ဟာ ဇန်န၀ါရီလ ၂၃ ရက်နေ့က သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဒီလူသတ်မှုမှာ လူ ၂ ယောက်အပေါ် သံသယရှိတယ်လို့ ရဲစခန်းက ပြောဆိုပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မသိရသလို ဖမ်းဆီးထိန်းသိမ်းထားတာတွေလည်း မရှိဘူးလို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013