DVB Logo
Home
Lead Story
အင်အားသုံးတိုက်ခိုက်မှု ရပ်တန့်ရန် တိုက်တွန်း
DVB
·
February 5, 2015
Donate to DVB

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေမှာ  စစ်ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုတိုက်ခိုက်နေတာကို ရပ်တန့်ဖို့ တအာင်းအမျိုးသမီးနဲ့ ကျောင်းသားအဖွဲ့တွေက အစိုးရကို တောင်းဆိုကြပါတယ်။

သမ္မတက ပြည်ထောင်စုနေ့မှာ တပြည်လုံးအပစ်ရပ်စဲနိုင်ဖို့ ကြွေးကြော်နေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို စစ်ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ လူအင်အားသုံးပြီး  တိုက်ခိုက်တဲ့အပေါ် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့နဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်းတွေက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန် တိုက်တွန်း တောင်းဆိုလိုက်တာပါ။

ဒီတိုက်ခိုက်မှုတွေဟာ အပစ်အခတ်ရပ်စဲလက်မှတ်ရေးထိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်  ထိခိုက်စေသလို ပြည်တွင်းစစ်အတွင်း စစ်ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးအပါအ၀င်  အင်အား အလွန်အကျွံသုံးစွဲတာဟာ အစိုးရက အပြည်ပြည်ဆိုင်ရာ ဂျီနီဗာစာချုပ်ကို လိုက်နာဖို့ ပျက်ကွက်တာလို့ ပြစ်တင်ကန့်ကွက်ထားပါတယ်။

တအာင်းတပ်မတော်နဲ့ အစိုးရတပ်တွေအကြား ဒီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် တအာင်းကျေးရွာ ၅ ရွာ အပါအ၀င် လီရှောရွာနဲ့ တရုတ်ရွာတွေက စုစုပေါင်း လူဦးရေ ၂၀၀၀ ကျော် မိုးကုတ်မြို့နဲ့ မိုကုတ်မြို့အနီးရှိ တောတောင်တွေဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေက ပစ်ခတ်တဲ့လက်နက်တွေ ထိမှန်ပြီး အပြစ်မဲ့ ကျောင်းသား ၂ ဦး၊ ရွာသူ/သား ၃ ဦးလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့်  ကျောင်းတချို့ ပိတ်ထားရသလို ကျောင်းသူကျောင်းသားတွေလည်း စာမေးပွဲဖြေဆိုဖို့အတွက် အခက်အခဲရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013