DVB Logo
Home
မြန်မာသတင်း
လေယာဉ်မှူးအသတ်ခံရမှု အိုင်အက်စ်ကို တုံ့ပြန်ချေမှုန်းမည်ဟု ဂျော်ဒန်ဘုရင် ကတိပြု
DVB
·
February 5, 2015
Donate to DVB

ဂျော်ဒန်တိုက်လေယာဉ်မှူး သတ်ဖြတ်ခံရတဲ့ ဗွီဒီယိုထွက်ပေါ်ခဲ့အပြီး အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)ကို အပြင်းထန်ဆုံး လက်တုံ့ပြန်ချေမှုန်းမယ်လို့ ဂျော်ဒန်ဘုရင်က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ကတိပြုပြောဆိုလိုက်ပါတယ်။

[caption id="attachment_80128" align="aligncenter" width="758"]ဂျော်ဒန်ဘုရင် ဂျော်ဒန်ဘုရင်[/caption]

လေယာဉ်မှူး သတ်ဖြတ်ခံရတဲ့ ဗွီဒီယိုထွက်ခဲ့အပြီး ဘုရင်အဗ္ဗဒူလာဟာ  သူရဲ့ အမေရိကန်ခရီးစဉ်ကနေ ပြန်ရောက်ရောက်ချင်း အရေးပေါ်လုံခြုံရေး အစည်းအဝေး ခေါ်ခဲ့တာပါ။

လေယာဉ်မှူး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ ဗွီဒီယိုထွက်ပေါ်ခဲ့အပြီး ဂျော်ဒန်နိုင်ငံက ဖမ်းဆီးထားတဲ့ ဂျီဟတ်ဝါဒီ ၂ ဦးကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

[caption id="attachment_79962" align="alignright" width="480"]အသတ်ခံခဲ့ရသည့် ဂျော်ဒန်လေယာဉ်မှူး အသတ်ခံခဲ့ရသည့် ဂျော်ဒန်လေယာဉ်မှူး[/caption]

ကွပ်မျက်ခံရသူ ၂ ဦးထဲမှာ ဂျော် ဒန်နိုင်ငံ က လေယာဉ် မှူးနဲ့ အလဲ အလှယ် လုပ်ဖို့ ကြိုးစားခဲ့ တဲ့ အီရတ်အမျိုး သမီး ဆာဂျီဒါ အယ်ရီရှားဝီဟာ လူ ၅၀ သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာ ပါဝင်လို့ ဖမ်းဆီးခံထား ရသူ ဖြစ်ပါတယ်။

ဒါပေမယ့် လေယာဉ်မှူးဟာ လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်တယ်လို့လည်း ယုံကြည်နေကြပါတယ်။

အိုင်အက်စ်တွေကတော့ အယ်ရီရှားဝီ နဲ့ လေယာဉ်မှူး လဲလှယ်မယ်လို့ ပြောဆိုခဲ့တာမဟုတ်ပဲ ဂျပန်သတင်းထောက် ကန်ဂျီ ဂိုတိုစံ နဲ့ လဲလှယ်ဖို့ပဲ ပြောဆိုခဲ့တာပါ။ နောက်ပိုင်းမှာ ကန်ဂျီလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

အိုင်အက်စ်တွေကို အပြီးသတ်ချေမှုန်းနိုင်ရေး မဟာမိတ်တွေရဲ့ ပူးပေါင်းပါဝင်မှုတွေ အရေးကြီးတယ်လို့လည်း ဂျော်ဒန်အစိုးရပြောခွင့်ရက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013