DVB Logo
Home
မြန်မာသတင်း
ရေးမြို့ မွန်အမျိုးသားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်
DVB
·
February 4, 2015
ရေးမြို့ မွန်အမျိုးသားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်
1 / 6
Donate to DVB

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ဖြစ်တဲ့ ဒီကနေ့ ၂၀၁၅ ခု ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အ စည်းတွေနဲ့ မွန်လူမျိုးတွေက ကျင်းပကြပါတယ်။

ဒီကနေ့ဟာ ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ဖြစ်တဲ့အတွက် ဗဟိုအဆင့် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ် ရေးမြို့မှာ စည်စည်ကားကားကျင်းပခဲ့တယ်လို့ အမျိုးသားနေ့ကျင်းပရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးမင်းကြည်မင်းက ပြောပါတယ်။

လူထုထောင်နဲ့ချီ ချီတက်လာရောက်တဲ့အခမ်းအနားမှာ အလံတင်၊ အလံလေးပြုတာ၊ သံဃာတော်တပါးက သြ၀ါဒစကားပြောကြားတာ၊ သဘာပတိက မိန့်ခွန်းပြောကြားတာနဲ့ အဖွဲ့အစည်းအသီးသီး၊ ပြည်နယ်အသီးသီးက သ၀ဏ်လွှာတွေ ဖတ်ကြားတာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

ည ၇ နာရီ ပြန်စမယ့် ဒုတိယအစီအစဉ်မှာတော့ ပါတီတွေက ဥက္ကဋ္ဌတွေမိန့်ခွန်းပြောတာ၊ ပါတီဆိုင်ရာ စာတန်းဖတ်ကြားမှုတွေရှိပြီး ဂုဏ်ပြုပွဲအစီအစဉ်တခုကိုလည်း ထည့်သွင်းထား တယ်လို့ ပြောပါတယ်။ သူက “ကျနော်တို့ မွန်စာကို အနှစ် ၂၀ ချခဲ့တဲ့ ဆရာဆရာမတွေကို ဂုဏ်ပြုမယ်” လို့ပြောပါတယ်။

မွန်အမျိုးသားနေ့ကို ၁၉၄၈ ခုနှစ် ကတည်းက ကျင်းပလာတာဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကစပြီး ဗဟိုအဆင့်သတ်မှတ် ကျင်းပလာခဲ့ တာပါ။

မွန်တိုင်းရင်းသားတွေ ယုံကြည်လက်ခံထားကြတဲ့ ဟံသာဝတီ မင်းနေပြည်တော်ကို မွန်မင်း ညီနောင်နှစ်ပါးက တည်ထောင်ခဲ့တဲ့ တပို့တွဲလဆုတ် ၁ ရက်နေ့ကို အစွဲပြုပြီး မွန်အမျိုးသားနေ့ အဖြစ် ၁၉၄၇ ခုနှစ်မှာ မွန်တိုင်းရင်းသားခေါင်းဆောင်တွေက သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ မွန်အမျိုးသားနေ့မှာကို ပေးပို့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ သ၀ဏ်လွှာမှာ “သမိုင်းမှာထင်ရှားစွာ ရှင်သန်နေထိုင်ခဲ့ကြ သလို စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ပြန်လည်ထူထောင်ရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ခေတ်ပြိုင်လှုပ်ရှားမှုတွေမှာလည်း မွန်အမျိုးသားများ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အတွက် ဂုဏ်ယူမိပါတယ်။ မွန်အမျိုးသားနေ့တိုင်းမှာ မွန်အမျိုးသားများ အားလုံး မိမိတို့ရဲ့ အမျိုးသားရေး သန္နိဋ္ဌာန်တွေ အခိုင်အမာ ပြဋ္ဌာန်းချမှတ်နိုင်ပါစေ” ဆိုပြီး ဆုတောင်းပေးထားပါတယ်။

လာမယ့်နှစ်မှာ ကျင်းပမယ့် ၆၉ ကြိမ်မြောက် ဗဟိုအဆင့် မွန်အမျိုးသားနေ့ အခမ်းအနား ကိုတော့ ဘီလူကျွန်း ချောင်းဆုံမြို့နယ် ကလောရွာမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားပြီးတာနဲ့ မွန်အလံကို မနက်ဖြန် ကလော့ရွာကို သယ်ဆောင်သွားမယ်လို့ ဦးမင်းကြည်မင်း က ဒီဗွီဘီကို ပြောပါတယ်။

ဓာတ်ပုံ - Thanbyuzayat သံဖြူဇရပ်

[gallery ids="80097,80098,80099,80100,80101,80102"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013