DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းကောင်စီအဆောက်အဦအတွက် ရန်ပုံငွေ လိုအပ်
DVB
·
February 4, 2015
မသန်စွမ်းကောင်စီအဆောက်အဦအတွက် ရန်ပုံငွေ လိုအပ်
1 / 3
Donate to DVB

မြန်မာအစိုးရက မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီရဲ့ မသန်စွမ်းမှုဆိုင်ရာ ဖွံ့ဖြိုးရေး ဗဟိုဌာနတည်ဆောက်ဖို့အတွက် နေပြည်တော်ကောင်စီ နေပြည်တော် စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ ပေ ၁၀၀ ပတ်လည် မြေကွက်ကို ချပေးပါတယ်။

[caption id="attachment_80051" align="aligncenter" width="514"]unnamed2 ဓာတ်ပုံ - ဦးညွန့်အောင်[/caption]

မြေကွက်ဟာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်ရှိ ရွှေနှင်းဆီလမ်းနဲ့ ဂမ္ဘီရလမ်းထောင့်မှာ တည်ရှိပါတယ်။

unnamed1မြန်မာနိုင်ငံမသန်စွမ်းသူများကောင်စီ အမှုဆောင် ဦးအေးကိုကိုက “ဒီနေရာကတော့ ကျနော်တို့ မသန်စွမ်းလေးမျိုးပေါင်းအတွက် အဆောက်အဦကြီးဖြစ်တယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီအတွက် အဆောက်အဦဖြစ်တယ်ပေါ့။ အဲဒီတော့ ဒီ လေးမျိုးစလုံးက ခုနလိုမျိုး နေပြည်တော်တက်ရင် တခြားနေရာမှာ တည်းမယ့်အစား ဒီစင်တာကြီးမှာ တည်းလို့ရမယ်။ နားနားနေနေ နေလို့ရမယ်။ အဲဒီသဘောပါ။ မြေကတော့ ပေ ၁၀၀ ပတ်လည်ပါ။ တခြားအဆောက်အဦတွေ ဆောက်လုပ်ဖို့ ရန်ပုံငွေ မရှိသေးပါ ဘူး” လို့ ပြောပါတယ်။

ဒီမြေကွက်ကို မနှစ်က လျှောက်ထားရာမှာ လူမှုဝန်ထမ်းဦးစီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ညွှန်ကြားရေှး မှူးးချုပ်တို့ရဲ့ ပံ့ပိုးထောက်ခံမှုနဲ့ နေပြည်တော်ကောင်စီက ဇန်န၀ါရီထဲမှာ ချပေးခဲ့တာလို့ဆိုပါတယ်။

နေပြည်တော်စည်ပင်သာယာကော်မတီ တည်ဆဲ ဥပဒေအရ သတ်မှတ်စည်းမျဉ်းမှာ ချက်ချင်း ခြံစည်းရိုးကာရံရမယ်၊ ၃-လအတွင်း အဆောက်အအုံ စတင်ဆောက်ပြီး ၁-နှစ်အတွင်း ပြီးစီးရမယ်။ မပြီးလျှင် ချပေးပြီးသား မြေကွက် ပြန်သိမ်းမယ်ဆိုတာပါရှိတာကြောင့် ခြံစည်းရိုးကာရံနိုင်ဖို့ စီစဉ်နေကြပြီး အချိန်တိုအတွင်း ရန်ပုံငွေ လိုအပ်နေပါတယ်။

မသန်စွမ်းကောင်စီက အဲဒီ ပေ ၁၀၀ ပတ်လည်မြေကွက်ပေါ်မှာ ပေ ၈၀x၄၀ ၄-ထပ်ဆောင်တခု ဆောက်လုပ်ဖို့ လျာထားပါတယ်။

unnamedအဲဒီအဆောက်အဦအတွင်းမှာ မသန်စွမ်းသူတွေ တာဝန်နဲ့ နေပြည်တော်ကို ခရီးသွားရင် တည်းခိုဖို့ ပေ ၈၀x၃၀ ၂-ထပ်ဆောင်တခု၊ ခန်းမကျယ်ကြီးတခု၊ IT နဲ့ ကွန်ပျူတာ ခန်းမ၊ Physio Therapy နဲ့ အားကစားလေ့ကျင့်ရေးခန်းမ၊ အနုပညာခန်းမ၊ မသန်စွမ်းမှုဆိုင်ရာ သုတေသန နဲ့နည်းပညာဖွံ့ဖြိုးရေးခန်းမ၊ သင်တန်းခန်းမငယ်တွေနဲ့ စာကြည့်တိုက်တွေကို ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။ မသန်စွမ်းသူတွေ အလွယ်တကူ ဝင်ထွက်သွားလာနိုင်မယ့် ဒီဇိုင်းရေးဆွဲပြီး ရေ၊ မီးနဲ့ သန့်စင်ခန်းတွေ အပါအဝင် ဆောက်လုပ်ဖို့ လျာထားပါတယ်။

ရန်ပုံငွေမရှိတာကြောင့် ပြည်တွင်းပြည်ပက အလှူရှင်တွေက ထည့်ဝင်လှူဒါန်းကြဖို့ မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီက တိုက်တွန်းပါတယ်။

ဦးအေးကိုကိုက “ကျနော်တို့ မြန်မာနိုင်ငံ မသန်စွမ်းကောင်စီရဲ့ အခုရရှိခဲ့တဲ့ မြေကွက် ပေ ၁၀၀ ပတ်လည်မှာ ဒီအဆောက်အဦ ဆောက်မယ်ဆိုတာ လူတွေက သိတယ်။ အဲဒီမှာ ဆောက်လုပ်မယ့် အဆောက်အဦအတွက် ကုန်ကျမယ့် ငွေတွေကို လှူဒါန်းလိုပါက လှူဒါန်းနိုင်ပါတယ်” လို့ ပြောပါတယ်။

မကြာခင်မှာ ကောင်စီရဲ့တာဝန်ရှိသူတွေ စုဝေးတိုင်ပင်ပြီး အဆောက်အဦ ဒီဇိုင်း၊ ရန်ပုံငွေ၊ ဆောက်လုပ်ရေး စတာတွေနဲ့ပတ်သက်လို့ဂ ဆွေးနွေးကြဖို့ရှိပြီး ခြံစည်းရိုးခတ်တာကို ဦးဆုံးလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ၂ ဒသမ ၃ ရာခိုင်နှုန်းလောက်ရှိနေတဲ့ မသန်းစွမ်းပြည်သူတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေရဖို့ တိုးမြှင့်တောင်းဆိုမှုတွေ လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မြင့် တက်ခဲ့ပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူကယ်ပြန်) နဲ့ မသန်စွမ်းသူတွေ အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အ စည်းတွေ ညှိနှိုင်းပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေမူကြမ်းကို ရေးဆွဲနိုင်ခဲ့ကြပါတယ်။

မြန်မာ့လူဦးရေရဲ့ ၂ ဒသမ ၃ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်တယ်လို့ ၂၀၀၈-၂၀၀၉ ခုနှစ်စာရင်းအရသိရပြီး သူတို့တတွေရဲ့ တ၀က်ကျော်ဟာ  ပညာသင်ကြား ခွင့် မရဘူး လို့ လူကယ်ပြန် ဒုဝန်ကြီး ဒေါ်စုစုလှိုင်က မနှစ်နှစ်ကုန်ပိုင်းက လွှတ်တော်မှာ ရှင်း လင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013