DVB Logo
Home
မြန်မာသတင်း
စိုက်ခင်းများ ကြွက်ဖျက်ဆီးမှုကြောင့် မိုးညိုတောင်သူများ ချေးငွေ ပြန်ဆပ်ရန်အခက်ကြုံ
DVB
·
February 4, 2015
စိုက်ခင်းများ ကြွက်ဖျက်ဆီးမှုကြောင့် မိုးညိုတောင်သူများ ချေးငွေ ပြန်ဆပ်ရန်အခက်ကြုံ
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတချို့က စိုက်ခင်းတွေမှာ ကြွက်တွေဖျက်ဆီးမှုကြောင့် သီးနှံတွေပျက်စီးပြီး စိုက်ဘဏ်ချေးငွေ ပြန်မဆပ်နိုင်လို့ ဒေသခံတောင်သူတွေ ဒုက္ခတွေ့နေပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်နဲ့ ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၅၀ ကျော်က တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲခင်းတွေကို ဒီဇင်ဘာ လဆန်းပိုင်းကစပြီး လယ်ကြွက်တွေက ၀င်ရောက် ဖျက်ဆီးပစ်နေတာလို့ မြောက်လုပ်ကုန်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။

မတ်ပဲမစိုက်ခင် စပါးစိုက်တုန်းကလည်း အောင်ရေ မရတာကြောင့် စပါးအထွက် နည်းခဲ့ရပြီး အခုမတ်ပဲ စိုက်ပြန်တော့လည်း ကြွက်တွေဖျက်ဆီးနေတာကြောင့် သီးနှံတွေ ဆုံးရှုံးမှုဖြစ်ပြီး တောင်သူတွေ စိုက်ဘဏ်ကချေးယူထားတဲ့ ချေးငွေတွေ ပြန်လည်ပေးဆပ်ဖို့ အခက်ကြုံနေရတာပါ။

မိုးညိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနန်းဦးက ဘဏ်ချေးငွေပြန်ဆပ်ဖို့ အခက်တွေ့နေတဲ့ လယ်သမား ၁၅၀ ကျော် လက်မှတ်ထိုးထားတဲ့ တိုင်ကြားစာကို လွှတ်တော်တင်သွင်းသွားမယ်လို့ ပြောပါတယ်။

အခုလို ပဲခူးတိုင်းဒေကြီးထဲက ကျေးရွာတွေမှာ တချိန်တည်း ကြွက်တွေပေါများလာတာဟာ ၀ါးတွေအပွင့်ပွင့်ချိန်မှာ ၀ါးပွင့်တွေကို ကြွက်တွေကစားပြီး မျိုးပွားနှုန်းမြင့်တက်လာတာလို့ ဒေသခံတွေက  ပြောပါတယ်။

အလားတူ ပြဿ  နာမျိုး ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာလည်း လယ်သမားတွေတွေ့ ကြုံနေရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဇလွန်မြို့နယ် ပျဉ်းမကုန်းအုပ်စုနဲ့ ဟင်္သာတမြို့နယ် ကြခတ်ကွင်းအုပ်စုတွေမှာ စိုက်ပျိုးပြီးစ မိုးစပါးခင်းတွေထဲ ကြွက်တွေ ကျရောက်ပြီး ပျက်စီးဆုံးရှုံးမှု ရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013