DVB Logo
Home
မြန်မာသတင်း
သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်း ရုပ်ရှင်ရိုက်ကူး
DVB
·
February 4, 2015
သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်း ရုပ်ရှင်ရိုက်ကူး
1 / 5
Donate to DVB

စစ်အာဏာသိမ်းတော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ ဖမ်းဆီးခံရပြီး ပျောက်သွားခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်းကို သြစတြီးယားနိုင်ငံက ရုပ်ရှင် အဖြစ်ရိုက်ကူးထား တယ်လို့  နေးရှင်းထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။

အဲဒီရုပ်ရှင်ကို  သီပေါစော်ဘွားရဲ့မဟာဒေ၀ီ အင်ဂါဆာဂျင့် (စောသုစန္ဒီ)  ကိုယ်တိုင် ရေးသားထုတ်ဝေတဲ့ Twilight Over Burma: My Life as a Shan Princess စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး  ၂၀၁၄ ခု နိုဝင်ဘာလထဲမှာ ရိုက်ကူးပြီးစီးသွားပြီလို့ဆိုပါတယ်။

"Twilight Over Burma"လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကို သြစတြီးယား အမျိုးသမီး ဒါရိုက်တာ ဆာဘီငင်း ဒါဖလင်ကာက ရိုက်ကူးခဲ့တာ ဖြစ်ပြီး Dor Film ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံက Living Film ကုမ္ပဏီတို့ ပူးပေါင်း ထုတ်လုပ်ခဲ့တာပါ။

ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့  သီပေါစော်ဘွား စ၀်ကြာဆိုင်အဖြစ် ထိုင်းနိုင်ငံက ဒီဂျေ  ဒါဝီရစ် ချုလာဆာပေ့၊  မင်းသမီး မဟာဒေ၀ီအဖြစ် သြစတြီးယားသရုပ်ဆောင် မာရီယာ အဲရစ်  တို့က သရုပ်ဆောင်ပြီး နန်းတွင်းအခြွေအရံတွေနဲ့  ရှမ်းပြည်သူတွေနေရာမှာတော့ ထိုင်းနိုင်ငံ သားတွေနဲ့  ရှမ်းရွှေ့ ပြောင်းအလုပ်သမားတွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်ကားမှာပါဝင် သရုပ်ဆောင်ခဲ့ရသူ ရှမ်းအလုပ်သမား နန်းမွေနွမ်ဟွမ်က သူ့အတွေ့အကြုံကို ခုလိုပြောပြပါတယ်။

"ကျမက နန်းတွင်းအစေအပါးအနေနဲ့ ၅ ခန်းလောက်ပါဝင်ခဲ့ရပါတယ်ရှင့် ၊ စော်ဘွားကြီး သမီးတော်ကင်ပွန်းတပ်မင်္ဂလာခန်း ၊ မြန်မာစစ်တပ်က ဟော် နန်း ထဲ ၀င်လာတော့ ကြောက် နေရတဲ့အခန်း၊ ပြီးတော့ နိုင်ငံခြားသူ မဟာဒေ၀ီက ရှမ်းစကားသိချင်တာကို ကူပြောပေးတဲ့ အခန်းတွေပါ။ တခြားအလုပ်သမားတွေလဲ ပါတယ် ၊ ဒါပေမယ့် သူတို့ခေါ်တဲ့အခါ သွား  သရုပ်ဆောင်ပေးရတာကလွဲလို့ ဘာမှမသိရပါဘူး ၊ အဲဒီရုပ်ရှင်ကိုလဲ ဘယ်ချိန် ဘယ်နေရာမှာ ပြန်ကြည့်လို့ရမလဲဆိုတာတောင် မသိဘူး။" လို့ သူက ပြောပါတယ်။

ဇာတ်ကားရဲ့ အဓိကနေရာဟာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ဆိုပေမယ့် အများအားဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့နဲ့ မယ်ဟောင်ဆောင်မြို့တွေမှာ ရိုက်ကူးပြီး အင်္ဂလိပ်စကားကို အဓိက ပြောဆိုတယ်လို့ သူကဆက်ပြောပါတယ်။

သီပေါစော်ဘွား စ၀်ကြာဆိုင်ဟာ အမေရိကန်နိုင်ငံ  ကိုလိုရာဒိုတက္ကသိုလ်မှာ ပညာတော် သင်ကြား ရင်း သြစတြီးယားသူနဲ့ မေတ္တာမျှခဲ့ပါတယ်။ သူ့ကို အရပ်သားအထင်နဲ့ ချစ်ကြိုက်ခဲ့ပြီး မြန်မာပြည် ရောက်မှ စော်ဘွားသားဖြစ်မှန်း တအံ့တသြသိခဲ့ရသလို ပြည်သူ့ဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့တာတွေကို

စော်ဘွားရဲ့ မဟာဒေ၀ီ က စာအုပ်အဖြစ်ရေး သားထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ ကြင်ယာတော် ဖမ်းဆီးခံရပြီး ထောင်ထဲမှာဘဲ သေမှန်းမသိ ရှင်မှန်းမသိ သတင်းအစအနမရဘဲ ပျောက်ဆုံးသွားခဲ့သလို သမီးတော် ၂ ပါးနဲ့ မြန်မာပြည်က ထွက်ခွာလာခဲ့ရတဲ့အကြောင်းတွေကို စာအုပ်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

[gallery ids="79940,79941,79944,79943,79942"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013