DVB Logo
Home
မြန်မာသတင်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်း မွေးနေ့ မြန်မာနိုင်ငံတွင် ကျင်းပ
DVB
·
February 3, 2015
Donate to DVB

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီလ်းရဲ့ ၇၃ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို ဇန်န၀ါရီလ ၂၇ ရက်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တယ်လို့ မြောက်ကိုးရီးယား ဗဟို သတင်းဌာနက (ကေစီအန်အေ)က ထုတ်ပြန်ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးက ကင်ဂျုံအီလ်းဟာ ထင်ရှားတဲ့ခေါင်းဆောင် ဖြစ်သလို တိုင်းပြည်တိုးတက်ရေး ကမ္ဘာငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လွတ်လပ်ရေးအတွက် လူထုတွေ ပျော်ရွှင်ဖို့ ဘ၀ကိုရင်းနှီးမြုပ်နှံထားတဲ့ ပြည်သူ့ဖခင်တယောက် ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်း သတင်းမှာရေးပါတယ်။

ဒါ့အပြင် အချုပ်အခြာအာဏာနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရင်း စီးပွားရေး အင်အားကြီးဖြစ်အောင် တည်ဆောက်နေတဲ့ ကိုးရီးယား လူထုတွေနဲ့ ကိုးရီးယား အလုပ်သမားပါတီ အတွေ့အကြုံတွေကို ကြံ့ခိုင်ရေးပါတီအနေနဲ့ အပြုသဘောလေ့လာသင်ယူ သွားမှာ ဖြစ်သလို ပါတီ ၂ ခုအကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒီအခမ်းအနားမှာ တွေ့ဆုံပွဲ၊ ဟောပြောပွဲနဲ့ ကိုးရီးယား ရုပ်ရှင်တွေကို ပြသခဲ့တယ်လို့ လည်းဆိုပါတယ်။

ကင်ဂျုံအီလ်းနဲ့ လက်ရှိခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ ဓာတ်ပုံတွေကိုလည်း ကျင်းပတဲ့နေရာမှာ ပြသခဲ့တယ်လို့ ရေးသားထားပေမယ့် ဘယ်နေရာမှာ ကျင်းပသလဲဆိုတာကိုတော့ တိတိကျကျ ရေးသားထားခြင်း မရှိပါဘူး။

[gallery ids="79916,79917,79918,79915"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013