DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေး ဥပဒေမူကြမ်းဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း
DVB
·
February 3, 2015
အမျိုးသားပညာရေး ဥပဒေမူကြမ်းဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း
1 / 5
Donate to DVB

နေပြည်တော်မှာ ဒီကနေ့ကျင်းပမယ့် အမျိုးသားပညာရေးဥပဒေဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကျမှ ဆွေးနွေးဖို့ သမ္မတက ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ အစိုးရဘက်ကလိုက်ပါကူညီသူတွေလို ကျောင်းသားတွေနဲ့ NNER ဘက်က လိုက်ပါကူညီသူတွေကို အစည်းအဝေးခန်းမအတွင်း ခေါ်ဆောင်ရာမှာ အဆင်မပြေဖြစ်မှုစလို့ သမ္မတက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာတုန်းက အစိုးရဘက်က ၀န်ကြီးဦးအောင်မင်းနဲ့အတူ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး အပါအ၀င် မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေက အစည်းအဝေးခန်းမအတွင်း ၀င်ထိုင်ခဲ့ပြီး အစိုးရဘက်ကို ကူညီသလို ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER ကိုယ်စားလှယ်တွေကလည်း သူတို့ရဲ့ ဆွေးနွေးမှုတွေကို မှတ်တမ်းတင်ကူညီပေးနိုင်ဖို့ ခေါ်ယူခဲ့တဲ့အပေါ် အုပ်ချုပ်ရေးပိုင်းက လက်မခံရာက သမ္မတ ဦးသိန်းစိန်က ရက်ရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သမ္မထံက ပေးပို့တဲ့ သဘောထားကို ဆွေးနွေးပွဲတာဝန်ရှိသူတချို့ ဆွေးနွေးကြပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ စတင်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

နေပြည်တော် ပညာရေးဝန်ကြီးဌာနရဲ့ ဆွေးနွေးပွဲကျင်းပရာနေရာမှာ သတင်းယူနေသူ ဒီဗွီဘီသတင်းထောက် ကိုအောင်ကြီးက “ဦးအောင်မင်း(၀န်ကြီး)က နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်ကို ဖတ်သွားတာ ဒါပဲ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ စပြီး နောက်ပိုင်းမှာ ပြန်လုပ်ဖို့ကိစ္စ နံပါတ် ၁ အချက်။ နံပါတ် ၂ အချက်အနေနဲ့ ဒီမှာ တက်ရောက်တဲ့အဖွဲ့အစည်းတွေ အားလုံးက ကျောင်းသားအဖွဲ့အစည်းဆိုလည်း ကျောင်းသားကို ကိုယ်စားပြုရမယ်ပေါ့နော်။ NNER ဆိုလည်း NNER ကို ကိုယ်စားပြုတဲ့အဖွဲ့ဖြစ်ရမယ်ပေါ့။ ကိုယ်စားပြုတဲ့အဖွဲ့တွေနဲ့ အစည်းအဝေး အာဂျင်ဒါကို အပြင်မှာ ညှိနှိုင်းပြီးတော့မှ ဆက်လက်လုပ်ဆောင်ပါဆိုပြီးတော့။ ကျောင်းသားတွေ အနေနဲ့ ဒေါက်တာရင်ရင်နွယ် (သမ္မတ ပညာရေးအကြံပေး)ကို ဆက်သွယ်ခိုင်းတယ်။ နောက်တယောက်ရှိသေးတယ်”လို့ ပြောပါတယ်။

သတင်းဓာတ်ပုံ - အောင်ကြီး

[gallery ids="79885,79886,79887,79888,79889"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013