DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက် ကျောင်းသားဟန်ဆောင် စရဖတစ်ဦးကို ရဲလက်အပ်နှံ
DVB
·
February 2, 2015
သပိတ်မှောက် ကျောင်းသားဟန်ဆောင် စရဖတစ်ဦးကို ရဲလက်အပ်နှံ
1 / 3
Donate to DVB

ကျောင်းသားသပိတ်စစ်ကြောင်းတည်းခိုနေတဲ့ ရေနံချောင်းမြို့က စံပယ်ရုံကျောင်းတိုက်မှာ ကျောင်းသားဟန်ဆောင်သတင်းယူနေတဲ့  စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်သား ၁ ဦးကို  ဖော်ထုတ်ပြီး သံဃာတွေနဲ့ ကျောင်းသားတွေက ရေနံချောင်းမြို့မ ရဲစခန်းကို အပ်နှံလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ ညက သက်ဆိုင်ရာကိုအပ်နှံခဲ့တာဖြစ်ပြီး အဆိုပါပုဂိုလ်ဟာ ရန်ကုန် မင်္ဂလာဒုံအခြေစိုက် စရဖတပ်က ဖြစ်တယ်လို့ သံဃာတော်တွေနဲ့ ကျောင်းသားတွေရဲ့ စစ်ဆေးမေးမြန်ချက်ကိုထွက်ဆိုခဲ့တယ်လို့ သပိတ်ကော်မတီပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“သူ့က စရဖ မင်္ဂလာဒုံအကူ (၂) ကလို့ ပြောပါတယ်။ နာမည်က ပြည့်စုံဦး တပ်သားနံပါတ်က ၄၀၄၅၅၆။ သူက ပုပ္ပားကနေ စလိုက်လာပြီးတော့ မိတ္ထီလာကျောင်းသားသဘောမျိုး သူက လိုက်လာတော့ပေါ့နော်။ ကျနော်တို့ ကြားကာလ သတင်းပေါက်ကြားမှုတွေ မသင်္ကာတာနဲ့ ကျနော်တို့ ကျောင်းတွေ လူစာရင်းပြန်ကောက်တဲ့အခါ သမင်္ကာဖွယ်ရာတွေတာနဲ့ သူ့ဆီက ဖုန်းတွေယူစစ်လိုက်တော့ ကျနော်တို့ တဦးချင်းဆီရဲ့ ပြောဆိုချက်တွေကို သူ့အထက်အရာရှိဆီ ပေးပို့ထားတာ တွေ့ရပါတယ်။ ”

စရဖတပ်ဖွဲ့ဝင်ဆီက လက်ကိုင်ဖုန်းကို စစ်ဆေးတဲ့အခါမှာလည်း အာဏာပိုင်တွေကို သတင်းပို့ ထားတာတွေ ရှိတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။  အဲဒီပုဂ္ဂိုလ်နဲ့ ပူးတွဲ တွေ့ရှိရတဲ့ ဆိုင်ကယ်သော့၊ လက်ကိုင်ဖုန်းနဲ့ ငွေသားတွေကို ရဲစခန်းမှူးဆီ အပ်နှံခဲ့ပါတယ်။

ရေနံချောင်း မြို့မရဲစခန်း စခန်းမှူး အောင်သန်းဝင်းက “ဘုန်းဘုန်းတို့ အကိုတို့ လာအပ်တာကို ကျနော် လက်ခံပြီးတော့မှာအထက်ကို အဆင့်ဆင့်တင်ပြမယ်။ ပြီးတော့ သူတို့ရဲ့ စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့ စစ်ဆေးမှာပါ။ ဒါဆိုသူက စရဖ ဆိုတာ သေချာတာပေါ့။ သေချာတယ်။”လို့ ပြောပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းတလျှောက်မှာဘာမှ လျို့ဝှက်ထားတာမရှိသလို အချိန်နဲ့ တပြေးညီ လူထုအကြားမှာ အသိပေးကြေညာတာတွေ ရှိတဲ့အတွက် အခုလို ကျောင်းသားတွေကြားထဲ အစိုးရဘက်က  ဝင်ရောက်တာကို  အပြင်းအထန်ရှုတ်ချတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုမိုးထက်နေက “ကျနော်တို့တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းကျောင်းသားတွေ ဖြစ်တယ်။ ကျောင်းသားတွေအနေနဲ့ ကျနော်တို့ လိုချင်တဲ့ ကျောင်းသားပညာရေးအတွက် အားလုံးပညာသင်ကြားနိုင်ရေးအတွက် မန္တလေးကနေ ရန်ကုန်ဆိုတဲ့ ခရီးရှည်ကြီးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချီတက်နေတဲ့ အချိန်မှာ ဒီလို အဖျက်အမှောင့် ပုံစံမျိုး ကျနော်တို့ အထဲကို ထောက်လှမ်းရေး ထည့်တယ်ဆိုတာက ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ တာဝန်ရှိတဲ့ ဘယ်အဖွဲ့ကိုမဆို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်”လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မန္တလေးကနေရန်ကုန်မြို့ကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၀ ရက်နေ့ကတည်းက ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြတာပါ။

ခရီးလမ်းတလျှောက်မှာ ဒေသခံအာဏာပိုင်တွေရဲ့ ဟန့်တားနှောင့်ယှက်မှုတွေလည်းနဲ့ ကြုံခဲ့ရပြီး  ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ရန်ကုန်မှာ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနေလို့ ချောက်မြို့နယ်မှာ ခေတ္တနားနေစဉ် ဒေသခံ အာဏာပိုင်တွေက ဖိအားပေးလို့ ရေနံချောင်းကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာတော့ ကျောင်းသား သပိတ်စစ်ကြောင်းဟာ ရေနံချောင်းက မကွေးမြို့ကို ဆက်လက် ချီတက်သွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကျောင်းသားသမဂ္ဂသတင်းလွှာ

[gallery ids="79715,79716"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013